မန်စီးတီးနဲ့ လီဗာပူးပွဲအတွက် နာမည်ကျော် ဂုရုကြီး ပေါမာဆန်ရဲ့ သုံးသပ်ခန့်မှန်းချက်
မန်စီးတီးနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့တဲ့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်အတွက် နာမည်ကျော် ဂုရုကြီး ပေါမာဆန်ရဲ့ သုံးသပ်ခန့်မှန်းချက်က အောက်ပါအတိုင်း ဖြစ်ပါတယ်။
မန်စီးတီး v လီဗာပူး
ပွဲချိန်။ ။ ဧပြီ ၁ဝ ရက်၊ တနင်္ဂနွေနေ့၊ ည ၁ဝ နာရီ။
ဟိုနေ့က မန်စီးတီးရဲ့ ချန်ပီယံလိဂ်ပွဲကိုကြည့်လိုက်ပါတယ်။ အက်သလက်တီကိုက ဘောလုံးတောင် အများကြီး မထိလိုက်ရပါဘူး။ အဝေးကွင်းအသင်းဟာ ဒုတိယပိုင်းမှာ အကောင်းဆုံး အခွင့်အရေး ၃ကြိမ် ရခဲ့ပါတယ်။ လီဗာပူးသာ ဆိုရင် အဲ့ဂိုးတွေ ရခဲ့မှာ လို့ ကျွန်တော်တွေးမိခဲ့ပါတယ်။
ဘယ်လောက်ပဲ ပွဲကိုလွှမ်းမိုးထားပါစေ စီးတီးဟာ ခံစစ်က နည်းနည်းတော့ ပွင့်နေပါသေးတယ်။ လီဗာပူးလို အသင်းကတော့ အဲ့ဒီ့အပေါက်တွေကို အသုံးချနိုင်ပါတယ်။ နှစ်သင်းလုံးက ဒီပွဲကို အနိုင်ရချင်မှာဖြစ်ပြီး ဘယ်နည်းပြကမှ သရေကိုလိုချင်မှာ မဟုတ်တာကြောင့် ဂိုးအနည်းငယ်ကို မြင်တွေ့ရနိုင်ပါတယ်။
လီဗာပူးအတွက် ဆာလာ၊ မာနေးနဲ့ လူးဝစ် ဒီယက်ဇ်တို့ ပွဲထွက်ပါလိမ့်မယ်။ ဒါက ဂျိုတာအပေါ် ရက်စက်ရာ ကျပြီး ဖာမင်နိုက ယာဂန်ကလော့ပ်အတွက် အားလုံးကို စုစည်းပေးခဲ့သူဖြစ်ပေမယ့် ဒီယက်ဇ်က လျင်လျင်မြန်မြန် အသားကျခဲ့ပြီး အမိုက်စား ခြေစွမ်းတွေ ပြသနေတာပါ။
မန်စီးတီးကတော့ false nine တစ်ယောက်ကို ကောင်းကောင်းအသုံးချနေတယ်လို့ မထင်ပါဘူး။ သူတို့ ဘယ်လောက် ကောင်းကောင်း ဗဟိုတိုက်စစ်မှူးမရှိတာက ပြဿနာတစ်ခု ဖြစ်ခဲ့ပါတယ်။
အက်သလက်နဲ့ပွဲမှာ စတာလင်က ရှေ့တန်းမှာ ကစားခဲ့ပြီး နည်းနည်း ကြောင်ပျောက်နေသလို ထင်ရပါတယ်။ ဒါကြောင့် ဒီပွဲမှာ ဘသူပွဲထွက်မလဲဆိုတာ မသိနိုင်ပါဘူး။ သေချာတာက မန်စီးတီးမှာ ရွေးချယ်စရာ အများကြီးရှိပြီး သူတို့ အသင်းကို ၆ နေရာလောက် အပြောင်းအလဲလုပ်ရင်တောင် မသိသာပါဘူး။
ဒီပွဲက 2-2 နဲ့ ပြီးမယ်လို့ ထင်ပါတယ်။ ဒါကြောင့် နှစ်သင်းလုံးဟာ လက်ကျန်ရာသီကို ဒီအတိုင်းပဲ ဆက်သွားကြမှာပါ။ သရေရလဒ်ဆိုရင်တော့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိနေတဲ့ စီးတီးအတွက် ကောင်းပါတယ်။ ဒီပွဲကို သရေကျပြီးမှ စီးတီးတို့ ဖလားလက်လွှတ်ရရင်တော့ ကျွန်တော် အံ့ဩမိမှာပဲ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 2-2 လီဗာပူး