ဘရာဇီးနဲ့ သတင်းထွက်နေပေမယ့် မန်စီးတီးမှာပဲ အမြဲနေသွားချင်တယ် လို့ ဂွာဒီယိုလာ ပြောဆို
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကို အသင်းနည်းပြ အဖြစ် ခန့်အပ်ဖို့ ဘရာဇီးလ် လက်ရွေးစင် အသင်းအနေနဲ့ ဒီအပတ် ထဲမှာပဲ ကြိုးပမ်းလာခဲ့ပြီးနောက် ဂွာဒီယိုလာကတော့ သူ့အနေနဲ့ မန်စီးတီးအသင်းမှာပဲ နည်းပြ အဖြစ် တစ်သက်လုံး ရှိနေချင်တယ်လို့ တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။
လက်ရှိမှာ ဂွာဒီယိုလာအနေနဲ့ မန်စီးတီးအသင်းကို ကိုင်တွယ်ခဲ့တာ ၆နှစ်တာကာလထဲ ရောက်နေခဲ့ပြီဖြစ်ပြီး ချန်ပီယံလိဂ် မှာ အောင်မြင်မှု မရသေးတာကလွဲလို့ ပြည်တွင်းပြိုင်ပွဲတွေမှာတော့ မန်စီးတီးအသင်းကို အကောင်းဆုံး ပုံစံ ရရှိအောင် ပြုလုပ်ပေးနိုင်ခဲ့ပြီး ဥရောပ ထိပ်တန်း အသင်း ဖြစ်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့တာပါ။
လက်ရှိမှာတော့ ဂွာဒီယိုလာက သူ့ရဲ့ အနာဂါတ်နဲ့ပတ်သက်ပြီး ဒီတပတ် ပွဲကြို ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆို ခဲ့ပါတယ်။
“ကျွန်တော် လက်ရှိ ဒီမှာ စာချုပ်သက်တမ်းကျန်နေပါသေးတယ်၊ကျွန်တော်ဒီမှာပဲ တစ်သက်လုံးနေသွားချင်ပါတယ်၊ဒီထက်ပိုကောင်းတဲ့ နေရာမရှိဘူးလို့ ယူဆထားတဲ့အတွက် ကျွန်တော်စာချုပ်သက်တမ်းတိုးရင် ၁၀ နှစ်လောက် ထပ်တိုးချင်ပါတယ်” လို့ ဘရားဇီးလ်အသင်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို တုံ့ပြန် ပြောဆိုသွားခဲ့ပါတယ်။
လက်ရှိ မှာတော့ မန်စီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အကြိတ်အနယ် ဖြစ်နေပြီး မနက်ဖြန် ညမှာတော့ မန်စီးတီးအသင်းအနေနဲ့ လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားသွားရမှာဖြစ်ကာ ဒီပွဲက ချန်ပီယံဆု အဆုံးအဖြတ် အတွက် အရေးပါတဲ့ ပွဲတစ်ပွဲ ဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။