မန်စီးတီးနဲ့ လီဗာပူးပွဲမှာ အနိုင်ရမယ့် အသင်းနဲ့ ရလဒ်ကို ခန့်မှန်းသွားတဲ့ မိုက်ကယ်အိုဝင်
ဒီတပတ် ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့ကြပါပြီ။ ဒီပွဲအတွက် ပရီးမီးယားလိဂ် တိုက်စစ်သမားဟောင်း မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ခန့်မှန်းချက်ကို ဖော်ပြသွားမှာဖြစ်ပါတယ်။
မန်စီးတီး v လီဗာပူး
ပွဲချိန်။ ။ ဧပြီ ၁ဝ ရက်၊ တနင်္ဂနွေနေ့၊ ည ၁ဝ နာရီ။
ဘောလုံးရာသီရဲ့ အကြီးဆုံး ပွဲလို့ ဆိုရမှာပါ။ ကျနော်တော့ မစောင့်နိုင်အောင်ပဲ။ မန်စီးတီးက ကြားရက် အက်သလက်တီကိုနဲ့ ပွဲမှာ ကစားတာ ကောင်းတယ်လို့ ကျနော် မြင်တယ်။ အထူးသဖြင့် ဆီမြွန်နီရဲ့ အသင်းကို ကစားရတယ် ဆိုတာ ပျော်စရာလည်း မဖြစ်သလို ဘယ်တုန်းကမှလည်း မလွယ်ကူပါဘူး။
ဒါပေမယ့် မန်စီးတီးက ပြိုင်ဘက် ဧရိယာထဲမှာ သိပ်ပြီး မခြိမ်းခြောက်နိုင်သလို ဖြစ်နေတယ်လို့တော့ ကျနော် ထင်တယ်။ သူတို့မှာလည်း နာမည်ကြီး တိုက်စစ်သမား မရှိတာလည်း ကြာပြီ။
လီဗာပူးကလည်း လစ္စဘွန်းမှာ ဘင်ဖီကာနဲ့ ပွဲကောင်း ကစားခဲ့ပြီး ၃-၁ နဲ့ နိုင်ဖို့လည်း ထိုက်တန်ခဲ့တယ်။ ဘင်ဖီကာ က သူတို့ကို ကျော်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် လီဗာပူး အတွက်တော့ ပွဲကြို သွေးနွှေး ကစားရတဲ့ ပွဲကောင်းလိုတောင် ဖြစ်နေမလားပဲ။
လူးဝစ် ဒီယက်စ် ကို လီဗာပူး စခေါ်တည်းက ကျနော် ပြောခဲ့သလိုပဲ။ ဒီအသင်းအတွက် သူက လိုက်ဖက်ညီနေပြီး တိုက်စစ်ကို ပို အားဖြည့်ပေးနိုင်နေတယ်။ ဒီပွဲမှာ သူက ကြီးမားတဲ့ အစိတ်အပိုင်း အဖြစ် ပါဝင် နေရင်လည်း ကျနော် အံ့သြမိမှာ မဟုတ်ပါဘူး။
ဒီပွဲက ဘယ်လိုမဆို ဖြစ်လာနိုင်နေပေမယ့် ကျနော်က လီဗာပူးဘက်က ရှိမှာပါ။ သူတို့ ဒီပွဲကို မန်စီးတီးထက် နည်းနည်း ပိုသာတဲ့ အရှိန်နဲ့ သွားမှာ ဖြစ်တယ်။ တိုက်စစ်မှာလည်း ခြိမ်းခြောက်နိုင်မှု နည်းနည်း ပိုသာနေတယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 1-2 လီဗာပူး