တီကိုနဲ့ ဒုကျော့ပွဲ မတိုင်ခင် မန်စီးတီး အားထားရတဲ့ ကစားသမားကို ပက် ထုတ်ဖော် ချီးကျူး
မန်စီးတီးက ချန်ပီယံလိဂ် ပထမအကျော့မှာ အက်သလက်တီကို မက်ဒရစ်ကို ၁-၀ ဂိုးနဲ့ ဦးဆောင်ထားပြီး အဝေးကွင်း ဒုတိယ အကျော့မှာလည်း အနိုင် ကစားကာ ဆီမီးဖိုင်နယ် တက်ဖို့ ပစ်မှတ်ထားနေပါတယ်။
မန်စီးတီးကြယ်ပွင့် ဒီဘရိုင်းဟာ မန်ချက်စတာကလပ် အတွက် အဓိက အားထားရတဲ့ အသင်းသား ဖြစ်လာနေပြီး စီးတီး နည်းပြ ဂွာဒီယိုလာက ဒုတိယအကျော့ မကစားခင် ပွဲကြိုမှာ ဒီဘရိုင်းကို ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။
“ကီဗင်က နေရာလွတ်တွေကို တိုက်စစ်ဆင်တဲ့နေရာမှာ ကောင်းပါတယ်။ သူက ရှေ့တန်းကြားမှာ အရမ်း ကောင်းပါတယ်။ တီကိုနဲ့ပွဲမှာ နေရာလွတ်တွေရှာရတာ အရမ်းခက်ပါတယ်။ တစ်ဦးချင်း ကျော်ဖြတ်မှုမှာ သူက ရပ်တန့် မရတဲ့ ကစားသမားပါ။
သူက အခြား ကစားသမားတွေနဲ့ ပေါင်းစပ်ကစားနိုင်ပါတယ်။ နေရာာလွတ်တွေကို ရှာနိုင်တဲ့ အနေအထားမှာ သူက ချီးကျူးမှုတွေနဲ့ ထိုက်တန်ပါတယ်။
သူ့ရဲ့စွမ်းဆောင်ရည်ကြောင့် ဂိုးတွေက လိုက်လာတာပါ။ တကယ်လို့ အဲ့တာက ကြီးမားတာ ဒါမှမဟုတ် လျော့ကျတာ ဆိုရင် သူက တကယ်ကောင်းတဲ့ တိုက်စစ် ကစားသမားပါ ” လို့ စပိန်သားက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာက စပိန်မြေကိုသွားရမှာက တစ်သင်းလုံးအတွက် အရေးတာဖြစ်လို့ အာရုံစိုက်ဖို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော် မသိပါဘူး။ ခံစားမှုကောင်းနေသလို ကျွန်တော့်ဝန်ထမ်းတွေကလည်း အစကထက် ကူညီနေပါတယ်။ သူတို့ကို ယုံပါတယ်။ ပွဲအတွက် ဘယ်လောက်အရေးပါလဲဆိုတာ သိပါတယ်။ အမြင်တွေကို ဘယ်လိုပြောင်းလဲရမလဲ။ ကျွန်တော် အနိုင်ရဖို့သွားတာပါ။ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့လည်း ကြိုးပမ်းမှာပါ။
ထင်ထားတာထက် ပိုကောင်းနိုင်ပေမယ့် တီကိုက ခံစစ်တစ်ချိန်လုံး ကစားနေတာကြောင့် ကွဲပြားလာနိုင်ပါတယ်။ သူတို့ ကွင်းက နည်းပြအတွက် အဓိကအားကိုးရာပါပဲ။။ သူတို့ခံစစ်ပိတ်ကစားချိန်မှာ ကျွန်တော်တို့ အခွင့်အရေး ဖန်တီးနိုင်ဖို့ ကြိုးစားရပါမယ်။
ပထမအကျော့ တီကိုအကြောင်းသိလိုက်တာကြောင့် ရှုံးထွက်အဆင့်တွေက ခက်ခဲနိုင်ပါတယ်။ အသင်းကို အကောင်းဆုံး လုပ်နိုင်မယ်ဆိုတာ ပြောပြီးသားပါ။ အဲ့တာက သူတို့မှာ ရှိတဲ့ အကောင်းဆုံး စွမ်းရည်ပါ”လို့ ဂွါဒီယိုလာက ပြောကြား ခဲ့ပါတယ်။