ချန်ပီယံလိဂ် ဆီမီးတက်ခဲ့ပေမယ့် ကစားသမားတွေ ဒဏ်ရာကြောင့် ဒုက္ခရောက်ပြီလို့ ဂွာဒီယိုလာပြော
အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်မှာ အဓိက ကစားသမား(၂)ဦး ဒဏ်ရာ ရရှိခဲ့တာကြောင့် အသင်းဟာ ကြီးကြီးမားမား ဒုက္ခရောက်ပြီလို့ မန်စီးတီး နည်းပြ ဂွာဒီယိုလာ က ပြောလိုက်ပါတယ်။
ထိုပွဲမှာ ဒီဘရိုင်းနဲ့ ဝေါလ်ကာ တို့ဟာ ဂိုးမရှိသရေကျခဲ့တဲ့ ဒီပွဲမှာ ဒဏ်ရာပြဿနာတွေရရှိခဲ့ကြတာပါ။ မန်စီးတီး အသင်းကတော့ နှစ်ကျော့ပေါင်းရလဒ် (၂)ဂိုး-(၁)ဂိုးနဲ့ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ တက်နိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးပြုလုပ်တဲ့ အင်တာဗျုးမှာ ဒီဘရိုင်းနဲ့ ဝေါလ်ကာ တို့ ဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုခဲ့ပြီး သူတို့(၂)ဦးဟာ စနေနေ့မှာ ကစားမယ့် လီဗာပူးလ် အသင်းနဲ့ အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲမှာ ပါဝင်ဖို့ သံသယရှိတဲ့ အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။
ဂွာဒီယိုလာ က “ကျွန်တော်တို့ ကြီးကြီးမားမား ဒုက္ခရောက်နေပါပြီ။လွန်ခဲ့တဲ့ (၃)ရက်က လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ခက်ခဲတဲ့ ပွဲကို ကျွန်တော်တို့ မေ့ထားလို့ မရပါဘူး။ကျွန်တော်တို့ မက်ဒရစ် ကို လာခဲ့ရာမှာ ဒဏ်ရာတွေအများကြီး ရရှိခဲ့ပါတယ်”
“လာမယ့် အပတ်တွေမှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ မသိပေမယ့် ဒီနေ့မှာတော့ မန်စီးတီး အသင်း သမိုင်းတစ်လျှောက် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲကို တတိယအကြိမ်မြောက်တက်နိုင်ခဲလို့ အောင်ပွဲခံရပါမယ်”လို့ ဆိုခဲ့ပါတယ်။
ဒီပွဲမှာ အသလက်တီကို နောက်ခံလူ ဖိလစ်ပီ ဟာ ဖိုဒန် ကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့လို့ (၂)ဝါ(၁)နီ နဲ့ ထုတ်ပယ် ခံရတာကနေ အစပျိုးပြီး နှစ်ဖက်အသင်းကြားမှာ ကြီးမားတဲ့ ရန်ပွဲကြီးဖြစ်ပွားခဲ့ပါတယ်။
ဒီနှစ်သင်း ရန်ပွဲဟာ ပွဲအပြီးမှာတောင် ဥမင်ထဲထိ ဆက်ဖြစ်နေလို့ ရဲတွေပါဝင်ရောက်ထိန်းသိမ်းရတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။