မက်ဒရစ်မှာ မန်စီးတီးနဲ့ ချယ်ဆီး ပရိသတ်တွေကြားလည်း ထိုးပွဲဖြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်

စပိန်နိုင်ငံ မက်ဒရစ်မြို့က လမ်းမအချို့မှာ ချယ်ဆီးနဲ့ မန်စီးတီးပရိသတ်တွေ ထိပ်တိုက်တွေ့တဲ့ ရန်ပွဲအချို့ကြောင့် နံပါတ်တုတ်တွေ ကိုင်ဆောင်ထားတဲ့ မက်ဒရစ် ရဲအရာရှိတွေဟာ ဝန်ဟန့်တားမှုတွေ လုပ်ခဲ့ရတယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

ချန်ပီယံလိဂ် သီတင်းပတ် မစတင်ခင်တည်းက အခုလို နှစ်ထပ်ကွမ်း အန္တရာယ်တွေ ရှိလာမယ်လို့ မက်ဒရစ်ရဲတွေက တင်ကြို တပ်လှန့်ထားကြတာဖြစ်တယ်။ အင်္ဂလန်ကလပ် ပရိသတ်တွေနဲ့ စပိန်ကလပ် ပရိသတ်တွေကြား ထိပ်တိုက်တွေ့မှုအပြင် မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် ပရီးမီးယားလိဂ်ကလပ် ပရိသတ်အချင်းချင်း ထိပ်တိုက်တွေ့နိုင်တာကို မက်ဒရစ်ရဲတွေက ကြိုတင် တွက်ဆထားခဲ့တယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲအတွက် အင်္ဂလန်ကနေ ပရိသတ်ပေါင်း ၈၀၀၀ လောက် မက်ဒရစ်ကို ရောက်နေခဲ့တာဖြစ်တယ်။ လမ်းမအချို့မှာ မန်စီးတီးနဲ့ ချယ်ဆီးပရိသတ်တွေ ရန်ပွဲတွေဖြစ်ခဲ့ပြီး ထိုးပွဲတွေဖြစ်နေတဲ့ ဗီဒီယို အတိုတွေကလည်း အွန်လိုင်းပေါ် ခပ်မြန်မြန် ပြန်နှံ့ခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ မန်စီးတီးထက် ၂၄ နာရီစောပြီး ဘာနေဗျူးမှာ ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် ပြည်တွင်းပြိုင်ဘက်တွေဟာ အချင်းချင်း ထိပ်တိုက်တွေ့ခဲ့ကြပြီး အပြန်အလှန် အော်ဟစ်ကြတာ၊ ထိုးပွဲတွေ ရှိခဲ့တာနဲ့ ဘီယာခွက်တွေနဲ့ ကောက်ပေါက်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ကြတယ်။

စပိန်ရုပ်သံတွေကတော့ ဘာတွေမှာ စုရုံးနေတဲ့ မန်စီးတီးပရိသတ်တွေကို တားဆီးဖို့ ရဲအရာရှိတွေ ကြိုးစားနေတဲ့ ဗီဒီယိုတွေကို ရုပ်သံတွေကနေ ထုတ်လွှင့်ခဲ့ကြတယ်။ အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားတဲ့ နေရာတွေမှာ ရဲအင်အားတွေ နေရာချနေတာကို မြင်တွေ့ခဲ့ရပါတယ်။

အစောပိုင်း ၂၄ နာရီမှာ ချယ်ဆီးက ဘာနေဗျူးမှာ အနိုင်ရပေမယ့် နှစ်ကျော့ပေါင်း ရလဒ်နဲ့ အရေးနိမ့်သွားခဲ့ပြီး မန်စီးတီးကတော့ အက်သလက်တီကို ကွင်းမှာ ကွာတားဖိုင်နယ် ဒုတိယအကျော့ကို ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်တယ်။ ဆီမီးဖိုင်နယ်အဆင့်ကိုတော့ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့က တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။