မန်စီးတီး အချိန်ဆွဲ ကစားနေလို့ သူတို့တွေ ရူးသွပ်သွားခဲ့ရတာပါ လို့ ဆင်ခြေပေးလိုက်တဲ့ ကိုကီ
အက်သလက်တီကို မက်ဒရစ် အသင်းဟာ အိမ်ကွင်းမှာ မန်စီးတီးကို သရေသာကန်နိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ အချိန်ဖြုန်းတဲ့ နည်းစနစ်ကြောင့် သူတို့ ရူးသွပ်သွားခဲ့တဲ့ အခြေအနေအထိ တွန်းပို့စေခဲ့တယ်လို့ အက်သလက်တီကို ကွင်းလယ်သမား ကိုကီက ပြောကြားခဲ့ပြီး သူ့အသင်းရဲ့စွမ်းဆောင်ရည်ကို ဂုဏ်ယူတယ်လို့ ပြောကြားခဲ့ပါတယ်။
နှစ်ဖက်အသင်းကစားသမားတွေနဲ့ ဝန်ထမ်းတွေကြား တင်းမားမှုတွေဖြစ်ခဲ့တဲ့ ပွဲမှာ ကိုကီတော့ အသင်းဖော်တွေဘက် ကနေ ကာကွယ်ပြောကြားခဲ့ပြီး မန်စီးတီးက မိနစ် ၉၀ လုံး မမျှတအောင် ကစားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
“ကျွန်တော်တို့က အခွင့်အရေးတွေ ရနေပြီး သူတို့က မြေပြင်မှာလဲပြီး အချိန်ဆွဲနေတာမြင်ရတဲ့အခါမှာ ဒီလိုပွဲမျိုးက သင့်ကို ရူးသွပ်သွားစေပါတယ်၊ ဒီလိုအချိန်ဆွဲတဲ့အနေအထားမျိုးတွေဆို အချိန်တိုင်းမှာ ကျွန်တော်တို့ ဝေဖန်ခံရဖူးပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာတော့ မန်စီးတီး ဖြစ်ခဲ့ပါတယ်။
လူတွေရဲ့ ထင်မြင်ချက်တွေကို ကြည့်ရအောင်ပါ။ ဒီကနေ့မှာ သူတို့ရဲ့ အချိန်ဆွဲတာမျိုးကို မြင်ခဲ့ရတယ် ကျွန်တော်တို့က အက်သလက်တီကိုမက်ဒရစ်ပါ ဒီအသင်းအတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ ”လို့ ကိုကီ ကပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာ တီကိုအသင်းအိမ်ကွင်းမှာ ဝ-၀ သရေကန်နိုင်ခဲ့တာကြောင့် ပထမအကျော့တုန်းက ဒီဘရိုင်းရဲ့ဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။