ဒီည မန်စီးတီးနဲ့ လီဗာပူးတို့ အက်ဖ်အေ ဆီမီးပွဲစဉ် အတွက် လော်ရိုးရဲ့ သုံးသပ်ခန့်မှန်းချက်
ဒီည ဝင်ဘာလေကွင်းမှာတော့ မန်စီးတီးအသင်း လီဗာပူးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် ထိပ်တိုက်တွေ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုး က မန်စီးတီးနဲ့ လီဗာပူး ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်း ထားပါတယ်။
လော်ရိုးက ” ဒီပွဲမှာတော့ လီဗာပူးက နည်းနည်းလေး ရေပန်းစားမှု ပိုများပါမယ်။ ဘာလို့လဲဆိုတော့ သူတို့က လန်းဆန်းနေတယ်။ စီးတီးက ကြားရက်တုန်းက စပိန်ကို ခရီးထွက်ထားရတယ်။
မန်စီးတီး က ချန်ပီယံလိဂ်မှာ အက်သလက်တီကိုနဲ့ ကြမ်းတမ်းတဲ့ ပွဲတစ်ပွဲကို ကစားခဲ့ပြီး ဒဏ်ရာ ပြဿနာ နှစ်ခုလောက်ထိ ရှိထားခဲ့ပါတယ်။
တူညီတဲ့ ညမှာပဲ လီဗာပူး အသင်းက ဘင်ဖီကာကို ရင်ဆိုင်ရာမှာ သူ့ရဲ့ အဓိက ကစားသမားတွေကို အနားပေး ထားခဲ့ပါတယ်။ အဲ့တာကြောင့်ပဲ စီးတီးက ဒီပွဲမှာ သူတို့ရဲ့ အကောင်းဆုံး အသင်းကို အပြောင်းအလဲ ပြုလုပ်လာဖို့ ရှိနေပေမယ့် လီဗာပူးက သူတို့ရဲ့ အတောင့်တင်းဆုံး အသင်းကိုပဲ ထုတ်သုံးလာမှာပါ။
ဒီအချက်ဟာ ဒီပွဲရဲ့ အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။ ” လို့ သုံးသပ် ပြောဆိုထားပါတယ်။
လော်ရိုး ခန့်မှန်းရလဒ် ကတော့ မန်စီးတီး ၁-၂ လီဗာပူး ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ဒီည ၉ နာရီ မှာ ယှဉ်ပြိုင်ကြမှာပါ။