ကလပ်စံချိန်တင် လုပ်ခနဲ့အတူ ဟာလန်းကို ခေါ်ယူရေး သဘောတူညီမှု ယူနိုင်ခဲ့တဲ့ မန်စီးတီး

မန်စီးတီးဟာ ဒေါ့မွန် တိုက်စစ်မှုး ဟာလန်း ကို ခေါ်ယူနိုင်ဖို့ အတွက် စာချုပ်ဆိုင်ရာ အချက်အလက်တွေကို သဘောတူညီမှု ရရှိအောင် ညှိနှိုင်းနိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဟာလန်းရဲ့ ကိုယ်စားလှယ်တွေနဲ့ မန်စီးတီး တာဝန်ရှိသူတွေ အကြား အပြောင်းအရွှေ့ ပေါ်ပေါက် လာဖို့ အတွက် နောက်တစ်ဆင့် ကို တက်လှမ်းနိုင်ခဲ့ကြောင်းကို ဒေးလီးမေးလ် သတင်းဌာနကြီးက ဖော်ပြသွားခဲ့တယ်။ ကမ်းလှမ်းလိုက်တဲ့ စာချုပ်ဆိုင်ရာ အချက်အလက်တွေ ကလဲ ကစားသမား ဘက်က လိုချင်နေတဲ့ ပမာဏမျိုး အတိုင်း လို့ ဆိုပါတယ်။

ဟာလန်း ဟာ တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀၀ ဝန်းကျင် အထိ ရရှိသွားမှာပါ။ ဒါဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ လုပ်ခ အများဆုံးကစားသမား ဖြစ်သလို စီးတီးရဲ့ အမြင့်ဆုံး လုပ်ခရှင် ဒီဘရိုင်းရဲ့ တစ်ပတ် ပေါင် ၃၈၅၀၀၀ ကို ကျော်ဖြတ်ကာ ၊ လစာ အများဆုံး ဘောလုံးသမား ဖြစ်လာဖွယ် ရှိနေပါတယ်။

မန်စီးတီး ဘက်ကတော့ ကစားသမား နဲ့ အကြား အဆင်ပြေသွားပြီ ဖြစ်တဲ့ အတွက်ရှိမှာ စာချုပ်ပါ လျော်ကြေး ပေါင် ၆၃ သန်း ပေးချေရမယ့် လုပ်ငန်းစဉ်တွေ ကို စတင် လုပ်ဆောင်လျှက် ရှိနေပါတယ်။ အဲဒီ အစီအစဉ် အတိုင်း လုပ်ဆောင်ပြီးစီးပါက အသက် ၂၁ နှစ် အရွယ်သာ ရှိသေးတဲ့ နော်ေ၀ တိုက်စစ်မှုးလေး ကို ၅ နှစ် စာချုပ် ချုပ်ဆိုသွားမှာပါ။

ဒေါ့မွန် ဟာ ပြီးခဲ့တဲ့ အပတ်တုန်းက ဟာလန်း ရဲ့ အပြောင်းအရွှေ့ နဲ့ ပတ်သက်ပီး ဘာသဘောတူညီမှုမှ မရသေးဘူး လို့ ပြောဆိုခဲ့သလို ၊ အခြား စိတ်ဝင်စားတဲ့ ကလပ်တွေ ဖြစ်တဲ့ ပီအက်စ်ဂျီ ၊ ရီးရဲ မက်ဒရစ် တို့နဲ့ စကားပြောနေတဲ့ အကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။

ဒါ့အပြင် ဂျာမန် ကလပ် ကိုယ်တိုင်က ကစားသမား ကို အနည်းဆုံး နောက်ထပ် တစ်နှစ်တော့ ဆက်ထိန်းထားနိုင်လိမ့်မယ်လို့ ယုံကြည်ချက်မျိုးလဲ ရှိခဲ့ဖူးပါတယ်။

မန်စီးတီး ဟာ အဲဒီလို အနေအထားတွေ အကြားက ခြေသံ လုံလုံ နဲ့ လှုပ်ရှားသွားခဲ့တာ ဖြစ်ပြီး ၊ လုပ်ငန်းစဉ်တွေ အပြီးသတ်ခါနီးမှ သတင်းသမားတွေဆီ အပေါက်ကြားခံခဲ့တာ ဖြစ်ပါတယ်။

ပက် ဂွာဒီယိုလာ ကတော့ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဟယ်ရီကိန်း ကို ခေါ်ယူဖို့ ကြိုးစားတာ အောင်မြင်မှု မရခဲ့သော်လဲ ၊ တစ်နှစ် အကြာမှာတော့ ဥရောပ ရဲ့ အလား အလာ အကောင်းဆုံး ကစားသမား ဖြစ်တဲ့ ဟာလန် ကို ရရှိတော့မှာ ဖြစ်ပါတယ်။

သူ့ရဲ့ ဖခင် ဖြစ်သူ Alf-Inge ဟာ မန်စီးတီး မှာ ကစားခဲ့ဖူးသူ ဖြစ်ပြီး ၊ အခု ဆွေးနွေးညှိနှိုင်းတဲ့ ကိစ္စတွေ အားလုံးမှာ အဓိက နေရာကနေ ပါဝင်ခဲ့တာလို့ သိရတယ်။ ဟာလန်းဟာ မန်စီးတီးရဲ့ ရာသီအကြို ခရီးစဉ်တွေမှာပါ တစ်ပါတည်း ပါဝင်လာဖို့ ရှိနေပါတယ်။