မန်ချက်စတာ စီးတီး v ဘရိုက်တန်ပွဲအတွက် မိုက်ကယ်အိုဝင်ရဲ့ ပွဲကြို ရလဒ် ခန့်မှန်းချက်
မန်စီးတီးအသင်းဟာ ဒီညမှာတော့ ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရပါမယ်။
ဇယားထိပ်ကို တစ်ကျော့ပြန်ယူဖို့ ဒီပွဲမှာ အနိုင်ရဖို့ကို လိုအပ်မှာဖြစ်တယ်။ မနက်ကပွဲမှာ လီဗာပူးက ယူနိုက်တက်ကို ဂိုးပြတ် အနိုင်ယူခြင်းနဲ့အတူ ဇယားထိပ်ကို ယာယီ ဦးဆောင်ထားနေပြီဖြစ်ပါတယ်။
ဒီပွဲအတွက် နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
မန်ချက်စတာ စီးတီး v ဘရိုက်တန်
ရှုံးပွဲကြုံထားပေမယ့် ပက် ဂွာဒီယိုလာ ကတော့ သူ့အသင်းရဲ့ အားထုတ်မှုကို ဂုဏ်ယူနေမှာ သေချာပါတယ်။ ပထမပိုင်း ပြီးချိန် လီဗာပူးကို ၃ဂိုးပြတ် ရှုံးနေရာကနေ သူတို့ ပြန်လိုက်လာခဲ့တာ လွယ်ကူမှာတော့ မဟုတ်ဘူး။ ဒုတိယပိုင်းမှာတော့ ပွဲကို သူတို့ သေချာ ကစားနိုင်ခဲ့ပါတယ်။
မြောက်လန်ဒန်မှာတော့ ဘရိုက်တန်က သီတင်းပတ်ကောင်းတွေ ပိုင်ဆိုင်နေတော့တာပဲ။ စပါးကို အထင်ကြီးဖွယ် အနိုင်ယူခဲ့သလို အာဆင်နယ်ကိုလည်း ဆက်တိုက် အနိုင်ယူခဲ့တာပါ။ ဘရိုက်တန် ဘယ်လိုတွေ လုပ်ပြမလဲ ဘယ်လိုမှ မမှန်းနိုင်အောင် ဖြစ်နေရတယ်။ စပါးနဲ့ ပွဲက ရလဒ်ဆို သိပ်ကို ထိုက်တန်ခဲ့တာပါ။
ဒီတပတ်ကတော့ သူတို့အတွက် ခရီးကောင်း ဖြစ်နိုင်မယ် မထင်ပါဘူး။ ဘရိုက်တန် ဂိုးသွင်းကောင်း သွင်းမှာ ဖြစ်ပေမယ့် စီးတီးပဲ နိုင်ပွဲ ယူသွားပါမယ်။
အိုဝင် ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ စီးတီး ၃-၁ ဘရိုက်တန်