Man City v Watford ပွဲစဉ်အတွက် ဘီဘီစီမှ ဂုရုကြီး လော်ရိုးရဲ့ ပွဲကြို ရလဒ် ခန့်မှန်းချက်
မန်စီးတီးအသင်းဟာ ဒီအပတ်မှာတော့ တန်းဆင်းဇုန်ကလပ် ဝတ်ဖိုဒ့်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ကြားရက်မှာ ချန်ပီယံလိဂ်ပွဲ ကစားရမှာဖြစ်တာကြောင့် ဝတ်ဖိုဒ့်ပွဲကို ခပ်စောစော အပြတ်ဖြတ်ထားပြီး လူအနားပေးရမှာမျိုးကို ဂွာဒီယိုလာက လိုချင်မှာပါ။ ဝတ်ဖိုဒ့်က ခံစစ်ပိတ်ကစားလာမှာဖြစ်ပေမယ့် တစ်ဂိုး ပေးရပြီဆိုရင် ဆက်တိုက် ဂိုးပေးရမယ်လို့ သုံးသပ်ခံရတယ်။
ဒီအပတ်မှာ လီဗာပူးက ဒါဘီပွဲ ကစားရမှာမို့ အစောပိုင်း ယှဉ်ပြိုင်ရမယ့် ပွဲကို အနိုင်ရထားမယ်ဆိုရင် ပြိုင်ဘက်ကို ဖိအားဝင်စေနိုင်ပါတယ်။ မန်စီးတီးနဲ့ ဝတ်ဖိုဒ့်ပွဲအတွက် ဂုရုကြီး လော်ရိုးရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်ကို ဖော်ပြလိုက်ပါတယ်။
ဒီပွဲအတွက် လော်ရိုး သုံးသပ်မှုဟာ ‘ ဒီပွဲမှာ မန်စီးတီး နိုင်မလားလို့ မေးခွန်းထုတ်ရမှာ မဟုတ်ပါဘူး။ ဒီပွဲမှာ မန်စီးတီးက ဘယ်နှစ်ဂိုး သွင်းယူနိုင်မလဲ ဖြစ်ပါတယ်။ ၂၀၁၉ တုန်းက အီသီဟက်ကို သွားရောက်စဉ် စီးတီးက ၈-၀ နဲ့ ဂိုးပြတ် အနိုင်ယူခဲ့တယ်။ ဒီအချိန်မှာ အဲ့လောက်တော့ မပြင်းထန်နိုင်ပေမယ့်လို စီးတီးက သက်သောင့်သက်သာနဲ့ အနိုင်ရသင့်တာ ဖြစ်ပါတယ်။
ဝတ်ဖိုဒ့်နည်းပြ ရွိုင်ဟော့ဆန်ရဲ့ အားသန်မှုအဖြစ် ခံစစ်ကို ပြန်လည် စုဖွဲ့လာတယ်။ သူတို့က စီးတီးကို ခက်ခဲအောင် လုပ်နိုင်ဖို့ ကြိုးစားမှာဖြစ်တယ်။ ဒီပြဿနာတွေကို ရင်ဆိုင်ဖို့တော့ စီးတီးက သိပ်ကောင်းလွန်းနေပြီး သွင်းဂိုး တစ်ဂိုးရလိုက်တာနဲ့ နောက်ထပ် ဂိုးတွေအတွက် လမ်းပွင့်သွားပါလိမ့်မယ် ‘ ဖြစ်တယ်။
မန်စီးတီးနဲ့ ဝတ်ဖိုဒ့်ပွဲအတွက် လော်ရိုးရဲ့ ပွဲရလဒ် ခန့်မှန်းကတော့ အိမ်ရှင်အသင်း ၄-၀ ဆိုတဲ့ ရလဒ်နဲ့အတူ ဂိုးပြတ် အနိုင်ရမယ်လို့ ဖြစ်ပါတယ်။