မန်စီးတီး ပက်ပက်စက်စက် သွင်းမယ်ဆိုတဲ့ ပေါလ်မာဆန်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်

မန်စီးတီးအသင်းဟာ ဒီအပတ်မှာတော့ တန်းဆင်းဇုန်ကလပ် ဝတ်ဖိုဒ့်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲအတွက် စကိုင်းစပေါ့ရဲ့ နာမည်ကျော် ပွဲကြို သုံးသပ်သူ ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်ကို ဖော်ပြလိုက်ပါတယ်။

မန်စီးတီး VS ဝက်ဖို့ဒ်

ဘယ်လိုရလဒ်မျိုး လိုချင်လဲ။ မန်စီးတီးက ဒီပွဲကို အနိုင်ရမှာ သေချာပါတယ်။ ပရီးမီးယားလိဂ် ဖလားပြိုင်ပွဲက အဆုံးသတ်အထိ စောင့်ကြည့်ရမှာပါ။ ဂိုးကွာခြားချက်မှာ စီးတီးက လီဗာပူးထက် ၆ ဂိုး နည်းနေပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ အဲ့ဒါကို နည်းသွားအောင် လုပ်ဖို့ ကြိုးစားလိမ့်မယ်။

လီဗာပူးက ပုံစံကောင်းရနေတယ် ဆိုပေမယ့် စီးတီးက အဓိက ရေပန်းစားနေတုန်းပါ။ သူတို့တွေ ထိတ်ထိတ်ပျာပျာ မဖြစ်ပါဘူး။ ဘရိုက်တန်နဲ့ပွဲကို ပုံမှန်အတိုင်း ကစားခဲ့ပြီး ၃-၀ နဲ့ အနိုင်ရခဲ့တယ်။ သူတို့ရဲ့ ကွင်းလယ်နဲ့ တိုက်စစ်မှာ ရွေးချယ်စရာများစွာရှိပြီး အဲ့ဒီ့နေရာတွေအတွက် ကစားသမား ၁၂ ယောက်ထဲက ၆ ယောက်ကို ရွေးလို့ရပါတယ်။

ဝက်ဖို့ဒ်ကတော့ စိတ်မကောင်းစရာပါပဲ။ သူတို့လိုချင်တဲ့ ရလဒ်တွေ မရနေဘူး။ ပရီးမီးယားလိဂ်မှာ အခွင့်အရေးတွေ ဆက်တိုက် လွဲချော်နေတယ်။ ဒီရာသီမှာ တန်းဆင်းရနိုင်ပါတယ်။ ဒီပွဲမှာတော့ မန်စီးတီးက အေးအေးဆေးဆေးပဲ အနိုင်ယူသွားမှာပါ။

ပေါလ်မာဆန် ခန့်မှန်းရလဒ် – Manchester City 5-0 Watford

Zawgyi

မန္စီးတီးအသင္းဟာ ဒီအပတ္မွာေတာ့ တန္းဆင္းဇုန္ကလပ္ ဝတ္ဖိုဒ့္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ပါတယ္။ ဒီပြဲအတြက္ စကိုင္းစေပါ့ရဲ႕ နာမည္ေက်ာ္ ပြဲႀကိဳ သုံးသပ္သူ ေပါလ္မာဆန္ရဲ႕ ခန႔္မွန္းခ်က္ကို ေဖာ္ျပလိုက္ပါတယ္။

မန္စီးတီး VS ဝက္ဖို႔ဒ္

ဘယ္လိုရလဒ္မ်ိဳး လိုခ်င္လဲ။ မန္စီးတီးက ဒီပြဲကို အႏိုင္ရမွာ ေသခ်ာပါတယ္။ ပရီးမီးယားလိဂ္ ဖလားၿပိဳင္ပြဲက အဆုံးသတ္အထိ ေစာင့္ၾကည့္ရမွာပါ။ ဂိုးကြာျခားခ်က္မွာ စီးတီးက လီဗာပူးထက္ ၆ ဂိုး နည္းေနပါတယ္။ ဒါေၾကာင့္ ဒီတစ္ပတ္မွာ အဲ့ဒါကို နည္းသြားေအာင္ လုပ္ဖို႔ ႀကိဳးစားလိမ့္မယ္။

လီဗာပူးက ပုံစံေကာင္းရေနတယ္ ဆိုေပမယ့္ စီးတီးက အဓိက ေရပန္းစားေနတုန္းပါ။ သူတို႔ေတြ ထိတ္ထိတ္ပ်ာပ်ာ မျဖစ္ပါဘူး။ ဘ႐ိုက္တန္နဲ႔ပြဲကို ပုံမွန္အတိုင္း ကစားခဲ့ၿပီး ၃-၀ နဲ႔ အႏိုင္ရခဲ့တယ္။ သူတို႔ရဲ႕ ကြင္းလယ္နဲ႔ တိုက္စစ္မွာ ေ႐ြးခ်ယ္စရာမ်ားစြာရွိၿပီး အဲ့ဒီ့ေနရာေတြအတြက္ ကစားသမား ၁၂ ေယာက္ထဲက ၆ ေယာက္ကို ေ႐ြးလို႔ရပါတယ္။

ဝက္ဖို႔ဒ္ကေတာ့ စိတ္မေကာင္းစရာပါပဲ။ သူတို႔လိုခ်င္တဲ့ ရလဒ္ေတြ မရေနဘူး။ ပရီးမီးယားလိဂ္မွာ အခြင့္အေရးေတြ ဆက္တိုက္ လြဲေခ်ာ္ေနတယ္။ ဒီရာသီမွာ တန္းဆင္းရႏိုင္ပါတယ္။ ဒီပြဲမွာေတာ့ မန္စီးတီးက ေအးေအးေဆးေဆးပဲ အႏိုင္ယူသြားမွာပါ။

ေပါလ္မာဆန္ ခန္႔မွန္းရလဒ္ – Manchester City 5-0 Watford