ဟာလန်းအပြင် နောက်ထပ် ကစားသမားတစ်ဦး ခေါ်ယူနိုင်ဖို့ ကြိုးစားနေတဲ့ မန်စီးတီး
မန်စီးတီးဟာ နောက်ရာသီမှာ အသင်းလူစာရင်းအတွက် ရွေးချယ်စရာတွေကို အင်အားမြှင့်တင်နိုင်ဖို့ရာ ဒေါ့မွန်ကြယ်ပွင့် ဟာလန်း အပြင် ဆိုစီဒက်မှ ကွင်းလယ်လူ မစ်ကယ် မာရီနိုတို့ကို ပစ်မှတ်ထားနေပါတယ်။
ဒီရာသီမှာ စီးတီးဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားနှစ်ခုလုံးအတွက် ယှဉ်ပြိုင်နေဆဲ ဖြစ်ပေမယ့်လိဂ်ဖလားနဲ့ အက်ဖ်အေဖလားတို့ကို လွဲချော်ခဲ့ရပြီး ဖြစ်တယ်။ ဒီနွေမှာ ခေါ်ယူတဲ့ ကစားသမားသစ်တွေနဲ့အတူ လာမယ့်ရာသီမှာ အသင်းအင်အားကို ပိုတောင့်တင်းအောင်လုပ်ဖို့ ဂွာဒီယိုလာက မျှော်လင့်နေမှာ ဖြစ်ပါတယ်။
ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ တိုက်စစ်မှူးစစ်စစ် မရှိသေးတာနဲ့အတူ ဟာလန်းက မန်စီးတီးရဲ့ ထိပ်သီးပစ်မှတ်တစ်ခုပါ။ ဟာလန်းကို ခေါ်ယူဖို့ စီးတီးရဲ့ ကြိုးပမ်းမှုက အရေးပါတဲ့ အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။
ဟာလန်းကို တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းကျော်နဲ့ ပရီးမီးယားလိဂ် လုပ်ခအများဆုံး ကစားသမား ဖြစ်လာစေဖို့ စီးတီးက ရည်မှန်းထားတာပါ။ အသင်းဟာ ဒေါ့မွန်အတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၃ သန်းနဲ့ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ မျှော်လင့်ထားပြီး အရာအားလုံး အဆင်ပြေရင် နောက်အပတ်ထဲမှာပဲ ၅ နှစ်စာချုပ် ချုပ်ဆိုနိုင်ဖွယ်ရှိပါတယ်။
စီးတီးရဲ့ နောက်ထပ် ပစ်မှတ်ကတော့ နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့တဲ့ ဖာနန်ဒင်ညို နေရာကို အစားထိုးဖို့ဖြစ်ကာ ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ မစ်ကယ် မာရီနိုကို စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့လည်း စီစဉ်နေပါတယ်။ စပိန်သားဟာ ဆိုစီဒက်ရဲ့ လာလီဂါရာသီမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပြီး လိဂ် ၂၇ ပွဲ ကစားခဲ့ကာ ၃ ဂိုးနဲ့ ဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးခဲ့တာပါ။
အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ စပိန်က သူ့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ စီးတီးနည်းပြကို အထင်ကြီးစေခဲ့ပြီး ဂွာဒီယိုလာအတွက် ထိပ်တန်းပစ်မှတ်တစ်ခု ဖြစ်လာပါတယ်။ ရောက်လာမယ့် ကစားသမားသစ်တွေနဲ့အတူ ထွက်သွားမယ့်သူတွေဆိုတာလည်း အမြဲရှိနေမှာပါ။
ဖာနန်ဒင်ညို ထွက်သွားမယ်ဆိုတာတော့ သိပြီးသားဖြစ်ပြီး နောက်ထပ် ထွက်ခွာဖို့ ချိတ်ဆက်နေတဲ့ သူကတော့ တိုက်စစ်မှူး ဂေဘရီရယ် ဂျေးဆု ဖြစ်ပါတယ်။ စတာလင်ကလည်း ထွက်ခွာဖွယ်ရှိတဲ့ ကစားသမားတွေထဲ ပါဝင်ပြီး ကွင်းလယ်လူ ဘာနာတိုရဲ့ အနာဂတ်ကလည်း မသေချာသေးပါဘူး။
စီးတီးဟာ ဂျူလီယန် အယ်ဗာရက်ဇ်ကို ခေါ်ယူထားသလို ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်နဲ့လည်း အပြောင်းအရွှေ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ လက်ရှိ အာဂျင်တီးနားကို အငှားပြန်ချထားတဲ့ ဂျူလီယန် အယ်ဗာရက်ဇ်ဟာ နွေမှာတော့ စီးတီးနဲ့ ပူးပေါင်းဖွယ် ရှိနေတာဖြစ်ပါတယ်။