ရီးရဲလ်ကို လက်ဗလာနဲ့ အိမ်ပြန်ပို့ပေးမယ့် မန်စီးတီးရဲ့ ဒီတပတ် ချန်ပီယံလိဂ် ပွဲကြို သုံးသပ်ခန့်မှန်းချက်

ဒီတစ်ပတ်ကြားရက်မှာတော့ ပရိသတ်တွေ စိတ်ဝင်တစား စောင့်မျှော်နေကြရတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ပြန်လည် ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။ အင်္ဂါနေ့ညမှာတော့ ပရီးမီးယားလိဂ်ကလပ်မန်စီးတီးနဲ့ လာလီဂါထိပ်သီး ရီးရဲမက်ဒရစ်တို့ရဲ့ပွဲစဉ်တွေကို မန်စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

လီဗာပူးကို အရေးနိမ့်ခဲ့ပြီး အက်ဖ်အေဖလားကနေ ထွက်ခွာခဲ့ရပြီး မန်စီးတီးအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားနှစ်လုံးသာ မျှော်လင့်စရာ ရှိတော့မှာပါ။ ဒါပေမဲ့ ပြိုင်ပွဲနှစ်ခုစလုံးမှာ မန်စီးတီးရဲ့အလားအလာက ကောင်းနေပါတယ်။ ဒီရာသီတစ်လျှောက်လုံး မန်စီးတီးက တည်ငြိမ်တဲ့စွမ်းဆောင်ရည်နဲ့ ဖြတ်သန်းလျက်ရှိနေတဲ့အသင်းပါ။

မန်စီးတီးဟာ ရှေ့၊ လယ်၊ နောက် စုစည်းမှု အားကောင်းပြီး ဟန်ချက်ညီတဲ့အသင်းတစ်သင်းဖြစ်ပြီး အထူးသဖြင့် အိမ်ကွင်းခြေစွမ်းနဲ့ ရလဒ်ပိုင်းကလည်း အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ မန်စီးတီးတို့ ဒီရာသီချန်ပီယံလိဂ်မှာ အိမ်ကွင်း ၅ ပွဲ ကစားခဲ့ရာ ရလဒ်ပိုင်းအရ သိပ်ပြီးအရေးမပါတဲ့ စပို့တင်းနဲ့တစ်ပွဲတည်းသာ သရေကျခဲ့ပြီး ကျန် ၄ ပွဲမှာ အနိုင်ရရှိထားခဲ့ပါတယ်။

အဲဒီပွဲမှာ မန်စီးတီးတိုက်စစ်အားကလည်း ကောင်းမွန်ခဲ့ပြီး ၁၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ ရီးရဲမက်ဒရစ်ကတော့ လက်ရှိ အချိန်မှာ ပုံစံကောင်းကို ပြန်လည်ပြသထားပြီး နိုင်ပွဲတွေ ဆက်နေပါတယ်။ ရီးရဲတို့ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ဘာစီလိုနာနဲ့ ချဲလ်ဆီးတို့ နှစ်ပွတြည်း အရေးနိမ့်ခဲ့ပြီး ကျန် ၈ ပွဲကို အနိုင်ရရှိထားပါတယ်။

လတ်တလော ရီးရဲမက်ဒရစ် တိုက်စစ်အားကလည်း ကောင်းမွန်လျက်ရှိနေပြီး ဘန်ဇီမာက အကောင်းဆုံးပုံစံရရှိနေပြီး ကွင်းလယ်ကစားသမားတွေဆီက နေဂိုးတွေ မျှော်လင့်လိ့ ရနေပါတယ်။ ဒါပေမဲ့ ရီးရဲရဲ့ခံစစ်ကြောင်း်ကတော့ အားနည်းနေပြီး ပြိုင်ဘက်ကို ဂိုးတွေခပ်လွယ်လွယ် ခွင့်ပြုနေရတဲ့ အနေအထားပါ။

ရီးရဲမက်ဒရစ်အနေနဲ့ ဒီပွဲမှာ ပီအက်စ်ဂျီကို အဝေးကွင်းကစားတုန်းကလို ခံစစ်သပ်သပ်နဲ့ ရင်ဆိုင်လာဖို့ရှိပြီး တန်ပြန်တိုက်စစ်တွေကနေ မန်စီးတီးကို ဂိုးရဖို့ ကြိုးပမ်းသွားမှာပါ။ ဒါပေမဲ့ မန်စီးတီးရဲ့တိုက်စစ်ပိုင်း နေရာစုံက ဂိုးရလွယ်နေပြီး ဘက်စ်ကားပိတ်တာတောင် မဟန့်တားနိုင်တဲ့ မန်စီးတီးတိုက်စစ်ကို တားဆီးနိုင်ဖို့ မလွယ်ပါဘူး။

မန်စီးတီးကွင်းလယ်နဲ့ ခံစစ်ကြောင်းက ပြီးခဲ့တဲ့ရာသီတွေကနဲ့မတူဘဲ ပြိုင်ဘက်ရဲ့ တန်ပြန်တိုက်စစ်တွေကို ထိန်းချုပ်ရာမှာ ကောင်းမွန်မှုရှိလာပါတယ်။ ဒီနှစ်သင်း ၂၀၂၀ ခုနှစ်က ချန်ီယံလိဂ်မှာ နောက်ဆုံးတွေ့ဆုံထားပြီး အဲဒီတုန်းက မန်စီးတီးက အနိုင်ရရှိထားခဲ့ပါတယ်။

လက်ရှိအခြေအနေမှာလည်း မန်စီးတီးက ပိုကောင်းတဲ့အသင်းဖြစ်နေပြီး ရီးရဲကို အသာစီးရယူနိုင်ဖို့ မခက်ပါဘူး။ ဒါကြောင့် အီတီဟတ်မှာ အိမ်ရှင် မန်စီးတီးကပဲ စပိန်သားတွေကို ဆုံးမပေးပြီး အိမ်ပြန်လွှတ်ပေးဦးမှာပါ။

ဖြစ်နိုင်ဖွယ်ရလဒ် ကတော့ မန်စီးတီး ၂-၀ ရီးရဲမက်ဒရစ် ဖြစ်ပါတယ်။