ဒီည မန်စီးတီး Vs ရီးရဲလ်မက်ဒရစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပကျော့ ပွဲအတွက် မိုက်ကယ်အိုဝင် သုံးသပ် ခန့်မှန်းချက်

မန်စီးတီး အသင်းဟာ ဒီတပတ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ် ပထမအကျော့ ကို အီတီဟက်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ကစားကြမယ့် ပွဲချိန်ကတော့ ဒီနေ့ အင်္ဂါနေ့ည ၁း၃ဝ နာရီမှာပါ။

နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က မန်စီးတီး နဲ့ ရီးရဲလ်မက်ဒရစ်တို့ ဆီမီးဖိုင်နယ် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အိုဝင် က ” ဒီပွဲကတော့ ဘယ်လောက် ကောင်းလိုက်မလဲ။ စီးတီးက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အထင်ကြီးဖွယ် ခြေစွမ်းပြခဲ့ပြီး သူတို့ ယုံကြည်မှုတချို့လည်း ရလာပုံပါ။

မန်စီးတီး ချန်ပီယံလိဂ်ဖလား ဘယ်လောက် အသည်းအသန် လိုချင်သလဲ ဆိုတာ ကျနော်တို့ အားလုံး သိကြတယ်၊ ဒီပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေ မြင်ရမယ် ကျနော် မျှော်လင့်ထားတယ်။

ရီးရဲလ်ကလည်း ဒီအဆင့် ရောက်လာဖို့ ကောင်းစွာ လုပ်ဆောင်လာခဲ့တဲ့ အသင်းပါ။ ဒါပေမယ့် သူတို့ ဘယ်လို လုပ်လာသလဲ ဆိုတော့ ကျနော် အပြည့်အဝ နားမလည်ဘူး။ ချယ်ဆီးက ကွာတားဖိုင်နယ်မှာ သူတို့ကို ကစ်ထုတ်ဖို့ အခွင့်အရေးတွေ အများကြီးကို ရှိခဲ့တယ်၊ မန်စီးတီးကတော့ အခွင့်အရေးတွေ ဖြုန်းမယ့် အသင်း မဟုတ်ဘူး။

ကျနော် ရီးရဲလ်မက်ဒရစ် ကို ဒီပြိုင်ပွဲကနေ ဘယ်တော့မှာ ဖယ်ထုတ် မတွေးပါဘူး၊ ဒါပေမယ့် စီးတီးကိုတော့ ပို အသာပေးမိတယ်။

မန်စီးတီးက ဘောလုံးကို ထိန်းထားပြီး ရီးရဲလ်ကို အမျက်ထွက်အောင် လုပ်မှာ မြင်ယောင်နေပါတယ်။ ရီးရဲလ် ဂိုးသွင်းမှာပါ၊ ဒါပေမယ့် မန်စီးတီး ၃-၁ နဲ့ နိုင်မယ်လို့ ကျနော် မှန်းချင်တယ်။ ” လို့ သုံးသပ် ခန့်မှန်းထားပါတယ်။