မန်စီးတီး Vs ရီးရဲလ်မက်ဒရစ် ဒီည ပွဲပယ်၊ ဒဏ်ရာအခြေအနေနဲ့ ဖြစ်နိုင်ဖွယ် လိုင်းအပ်များ
မန်စီးတီး နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ဒီည ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲအတွက် ကစားသမားတွေ အခြေအနေနဲ့ ဖြစ်နိုင်ဖွယ် လိုင်းအပ်တွေ စုစည်း ဖော်ပြပေးလိုက်ပါတယ်။
ပွဲကြို အချက်အလက်များ
ပွဲပယ်ပြစ်ဒဏ်ကြောင့် မန်စီးတီးနောက်ခံလူ ကန်ဆယ်လို လွဲချော်မည်ဖြစ်ပြီး ဝေါ်လ်ကာနှင့် စတုန်းတို့မှာ ကြံ့ခိုင်မှုမပြည့်ဝသေးသော်လည်း ပါဝင်လာဖွယ် ရှိပါတယ်။
ရီးရဲလ်ဖက်မှ ဟာဇက်၊ လူကာဂျိုဗစ်နှင့် မာရီယာနိုဒီယက်ဇ်တို့ သေချာပေါက်လွဲချော်မည်ဖြစ်ပြီး အလာဘာ၊ ကက်စ်မဲရိုး နဲ့ ဖာလန်မန်ဒီတို့မှာမူ ကြံ့ခိုင်မှုမပြည့်ဝသည့်တိုင် ပါဝင်ကောင်း ပါဝင်လာနိုင်ပါတယ်။
အဆိုပါနှစ်သင်း (ချန်ပီယံလိဂ်) နောက်ဆုံး ၆ ကြိမ် ထိပ်တိုက်တွေ့ဆုံမှုတွင် ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံးရလဒ် ထွက်ပေါ်ထားတာပါ။
မန်စီးတီးနည်းပြ ဂွာဒီယိုလာသည် ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ရှူံးထွက်အဆင့်များတွင် နှစ်ကြိမ်ကျော်ဖြတ်နိုင်ခဲ့ဖူးသည်။ ယခုတစ်ကြိမ် ထပ်မံကျော်ဖြတ်နိုင်ခဲ့ပါက ချန်ပီယံလိဂ်ရှုံးထွက်တွင် ရီးရဲလ်ကို ၃ ကြိမ်တိတိ ဖြုတ်ချနိုင်သည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်လာမည်ဖြစ်သည်။
ဂွာဒီယိုလာနှင့် အန်ဆယ်လော့တီ ထိပ်တိုက်တွေ့ဆုံမှု ၆ ကြိမ်တွင် ဂွာဒီယိုလာက ၄ကြိမ်၊ အန်ဆယ်လော့တီက ၂ ကြိမ် အနိုင်ရရှိထားသည်။ ဂွာဒီယိုလာ အနိုင်ရခဲ့သော ၄ ကြိမ်မှာ အန်ဆယ်လော့တီ အဲဗာတန်နည်းပြဘဝတွင်ဖြစ်ပြီး အန်ဆယ်လော့တီအနိုင်ရခဲ့သော ၂ ကြိမ်မှာ ချန်ပီယံလိဂ်ဆီမီးတွင် ဘိုင်ယန်မြူးနစ်ကို ဖြုတ်ချနိုင်ခဲ့ခြင်းဖြစ်သည်။
ရီးရဲလ် သည် အင်္ဂလန်ကလပ်အသင်းများနှင့် အဝေးကွင်းနောက်ဆုံး ၆ ပွဲတွင် တစ်ပွဲသာ အနိုင်ရပြီး နှစ်ပွဲသရေ၊ သုံးပွဲရှူံးနိမ့်ထားသည်။ အနိုင်ရခဲ့သောပွဲမှာ ယခုလအတွင်း ချယ်လ်ဆီးကို အနိုင်ရခဲ့ခြင်းဖြစ်သည်။
မန်စီးတီးသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလနောက်ပိုင်း ချန်ပီယံလိဂ် အိမ်ကွင်းရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ထားသည်။
ရီးရဲလ်မက်ဒရစ်သည် ပြိုင်ပွဲစုံအဝေးကွင်း နောက်ဆုံး ၆ ပွဲဆက် အနိုင်ရရှိထားသည်။
မန်စီးတီး ဖြစ်နိုင်ဖွယ်လူစာရင်း
အီဒါဆန်၊ ဝေါ်လ်ကာ၊ စတုန်း၊ လာပေါ့တ်၊ ဇင်ချန်ကို၊ ဘာနာဒို၊ ရိုဒရီ၊ ဒီဘရိုင်း၊ မာရက်ဇ်၊ ဂျီးဆပ်စ်၊ စတာလင်။
ရီးရဲလ် ဖြစ်နိုင်ဖွယ်လူစာရင်း
ကော်တွိုက်စ်၊ ကာဗာဟယ်၊ မီလီတာအို၊ နာချို၊ မာဆယ်လို၊ တိုနီကရူးစ်၊ ကာမာဗင်ဂါ၊ မိုဒရစ်၊ ဗယ်လ်ဗာဒီ၊ ဘန်ဇီမာ၊ ဗီနီစီးယပ်စ်။