ဒီအပတ် လိဒ်စ် Vs မန်စီးတီး ပွဲစဉ် အတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ် ထွက်ပါပြီ
မန်ချက်စတာ စီးတီးဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ လိဒ်စ် ယူနိုက်တက် ကို အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာပါ။ ပွဲချိန်ကတော့ မနက်ဖြန် စနေနေ့ည ၁၁ နာရီ ဖြစ်ပါတယ်။
အမှတ်ပေးဇယားမှာ ကပ်လိုက်လာနေတဲ့ လီဗာပူး ရှိနေတာကြောင့် စီးတီးကတော့ ပွဲတိုင်း အနိုင် ၃ မှတ်ပြည့် ယူထားဖို့ လိုအပ်နေပါတယ်။
နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က လိဒ်စ်ယူနိုက်တက်နဲ့ မန်စီးတီးတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
အိုဝင်က ” လိဒ်က သူတို့လုပ်ဖို့ လိုအပ်တာကို လုပ်နိုင်ခဲ့ပါတယ်။ ပဲလေစ့်ကို ရင်ဆိုင်ပြီး ရမှတ် ၁ မှတ် ခွဲယူနိုင် ခဲ့တယ်။ အဲ့တာက သိပ်ပြီး ထူးချွန်တယ် မဟုတ်ပေမယ့် လိဒ်တို့က ဂရုစိုက်မှာ မဟုတ်ပါဘူး။ သူတို့ ခက်ခဲတဲ့ ပွဲစဉ် အချို့ကို ကစားခဲ့ရပြီး ဒီလိုပွဲတွေမှာ ရမှတ်ယူဖို့ လိုအပ်ခဲ့တာ ဖြစ်ပါတယ်။
စီးတီးအတွက်တော့ ခက်ခဲလှတယ် မဟုတ်ပါဘူး။ ဝတ်ဖိုဒ့်ကို ရင်ဆိုင်တုန်းက သူတို့ သိပ်ကောင်းတဲ့ ပုံစံတွေ ပြသခဲ့တယ်။ ဂျေဆုက တစ်ကိုယ်တော်ရှိုးလေး ပြခဲ့တာပေါ့။ သူက ပင်ကိုယ် အဆုံးသတ်သူ တစ်ဦးဖြစ်ပါတယ်။
အဲ့ပွဲမှာ သွင်းဂိုး ၄ ဂိုး ရယူခဲ့တာ သိပ်ကောင်းပါတယ်။ ကြားရက် ရီးရဲလ်မက်ဒရစ်ပွဲမှာ မန်စီးတီး ကစားခဲ့တာ သိပ်ကောင်းပါတယ်။ သူတို့ ၆ ဂိုး၊ ၇ ဂိုးလောက်ကို သွင်းယူနိုင်လောက်တာပါ။ ဒီပွဲမှာ သွင်းဂိုးတွေ အများကြီး မြင်ရမယ် မထင်ပေမယ့် မန်စီးတီးက ဂိုးတွေ သွင်းယူနိုင်သင့်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။
မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ လိဒ်စ် ယူနိုက်တက် ဝ-၃ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။