ထင်သလို မလွယ်လောက်ဘူး ဆိုတဲ့ ဘီဘီစီ လော်ရိုးရဲ့ လိဒ်စ် v မန်စီးတီး ပွဲ သုံးသပ် ခန့်မှန်းချက်

မန်စီးတီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ မှာ လိဒ်စ် ယူနိုက်တက် ကို အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်တယ်ပါ။ ဒီနှစ်သင်းဟာ မနက်ဖြန် စနေနေ့ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးကြီးက လိဒ်စ်ယူနိုက်တက်နဲ့ မန်စီးတီးတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” တချို့က ဒီပွဲဟာ အမှတ်ပေးဇယား ဦးဆောင်ထားတဲ့ အသင်းအတွက် ငှက်ပျောသီး အခွံခွာသလို လွယ်မှာလို့ တွေးကြမယ်။ ကျနော်ကတော့ ဒီလို မမြင်ပါဘူး။

လိဒ်စ်က တစ်ပုံစံတည်းပဲ ကစားနေတုန်းပါ။ နည်းပြ ဂျက်ဆီ မာ့ချ်က ဖေဖော်ဝါရီမှာ ဘီရယ်ဆာ နေရာ အစားဝင်ယူ လိုက်တည်းက နည်းနည်း ပြောင်းလဲလိုက်တယ် ဆိုတာ ကျနော် သိတယ်။ သူတို့က အခုထိ မာမာထန်ထန် ရှိနေပြီး အစွမ်းကုန် အားထုတ် ကစားကြတယ်။

ဒါပေမယ့် စီးတီးကတော့ သူတို့ ရင်ဆိုင်ဖို့ သိပ်တောင့်တင်းလွန်းပါတယ်။ လိဒ်စ် ဘက်မှာလည်း ပက်ထရစ် ဘန်ဖို့ဒ် မပါနိုင်ချိန်မှာ တိုက်စစ်မှုးကလည်း မရှိ ဖြစ်နေတယ်။ ပက် ဂွာဒီယိုလာကပဲ လက်တံရှည်ရှည်နဲ့ သူတို့ လိုချင်တာ ယူသွားဦးမှာပါ။

မန်စီးတီးရဲ့ ဒီရာသီ အကြီးဆုံး နိုင်ပွဲက လိဒ်စ်ကို အီတီဟက်မှာ ၇-ဝ နဲ့ နိုင်ခဲ့တဲ့ ပွဲပါ။ ဒီစနေမှာ အဲဒီလို ဂိုးရလဒ်မျိုး ပြန်မြင်ရဖွယ်တော့ မရှိဘူး။ မန်စီးတီးက ပွဲကို ထိန်းချုပ်နိုင်ပြီး သက်တောင့်သက်သာတော့ နိုင်သွားမှာပါ။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ လိဒ်စ် ယူနိုက်တက် ဝ-၂ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။