လိဒ်စ် v မန်စီးတီးပွဲအတွက် ဝါရင့် သုံးသပ်သူ ပေါလ်မာဆန်ရဲ့ ရလဒ် ခန့်မှန်းချက်
ဒီ စနေမှာ ယှဉ်ပြိုင်ကြမယ့် ပရီးမီးယားလိဂ် အပတ်စဉ် ၃၅ ပွဲအတွက် ဝါရင့် သုံးသပ်သူကြီး ပေါလ်မာဆန်ရဲ့ ရလဒ် ခန့်မှန်းချက်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
လိဒ်စ် ယူနိုက်တက် v မန်စီးတီး
ပွဲချိန်။ ။ ဧပြီ ၃ဝ၊ စနေနေ့၊ ည ၁၁ နာရီ။
နောက်အပတ် သူတို့ရဲ့ အကြီးမားဆုံး ပွဲမှာတောင် မန်စီးတီးရဲ့ အကောင်းဆုံး ၁၁ ယောက် လူစာရင်းကို ခန့်မှန်းလို့ မရပါဘူး။ သူတို့မှာ ရွေးချယ်စရာက အရမ်းများပါတယ်။ သူတို့တွေ ရီးရဲလ်မက်ဒရစ်ပွဲကြောင့် ပြဿနာသိပ်ကြုံရမယ်လို့ မထင်ဘူး။ ဒီပွဲမှာ စီးတီး နိုင်ဖို့ကလွဲရင် မရှိပါဘူး။
လီဗာပူးလည်း သူတို့ပွဲကို သူတို့နိုင်မှာပါ။ ဒါကြောင့် ဒီပွဲဟာ သူတို့အတွက် နောက်ထပ် ကြီးမားတဲ့ပွဲပါပဲ။ လိဒ်စ်က နည်းပြသစ် ရောက်လာပြီးကတည်းက အနိုင်ယူဖို့ ခက်ခဲခဲ့ပေမယ့် မန်စီးတီးကို ရပ်တန့်နိုင်ဖို့တော့ လမ်းမမြင်ပါဘူး။
ပေါလ်မာဆန် ခန့်မှန်းရလဒ်။ ။ လိဒ်စ် ယူနိုက်တက် 0-3 မန်စီးတီး
ZAWGYI
ပွဲချိန်။ ။ ဧပြီ ၃ဝ၊ စနေနေ့၊ ည ၁၁ နာရီ။