မန်စီးတီးနဲ့ သက်တမ်းတိုး စာချုပ်သစ် သဘောတူညီမှု ရခဲ့ပြီး ဟာလန်းကို ကိုင်ဦးမယ့် ဂွါဒီယိုလာ
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက လီဗာပူးအသင်းဟာ နည်းပြကလော့ပ်ကို ၂၀၂၆ ခုနှစ်အထိ စာချုပ် သက်တမ်းတိုးခဲ့ အပြီးမှာတော့ မန်စီးတီးအသင်းကလည်း နည်းပြ ဂွါဒီယိုလာကို စာချုပ်သက်တမ်းတိုးဖို့ လုပ် ဆောင်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။
၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးရင် မန်စီးတီးအသင်းကနေ ထွက်တော့မယ်လို့ သတင်းတွေထွက်ခဲ့တဲ့ နည်းပြ ဂွါဒီယိုလာ ဟာ စာချုပ်သစ်ကြောင့် မန်စီးတီးအသင်းမှာ ၂၀၂၅ ခုနှစ်အထိ ဆက်ရှိနေတော့မှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ပရီးမီးယားလိဂ်မှာတော့ ဂွါဒီယိုလာနဲ့ ကလော့ပ်၊ မန်စီးတီးနဲ့ လီဗာပူးတို့ အားပြိုင်မှုတွေ ဆက်လက် အသက်ဝင် မြင်နေရဦးမှာပါ။
အင်္ဂလန် သတင်းတွေရဲ့ဖော်ပြချက်အရ နည်းပြ ဂွါဒီယိုလာကို ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်ဆိုပေမယ့် နောက် ထပ် ၁ နှစ် သက်တမ်း တိုးဖို့အတွက် သဘောတူညီမှုစာချုပ်ထဲမှာ ထည့်သွင်းခဲ့တယ်လို့လည်း သိရပါတယ်။
အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူခဲ့အပြီးမှာတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ” တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အချိန်တွေဖြစ်လာမှာပါ။ ဟာလန်းလို လူငယ်တိုက်စစ်မှူးတစ်ဦးကို နည်းပြအဖြစ် ဆက်ပြီးတာဝန်ယူရဦးမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒေါ့မန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့အတွက် နောက်ဆုံးအဆင့် သဘောတူညီမှုပြုလုပ်နေတဲ့ အနေအထားကို ရောက်ရှိနေပြီလို့လည်း သိရပါတယ်။