ဂျေးဆု သတင်းကြီးနေပေမယ့် အခြား တိုက်စစ်သမားကို ရောင်းချဖို့ မန်စီးတီး ကြံရွယ်နေ

မန်စီးတီးအသင်းဟာ တောင်ပံ တိုက်စစ် ကစားသမား မာရက်ဇ်ကို လာမယ့် နွေရာသီမှာ ရောင်းချဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၁) နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ကစားသမားဟာ ပရီးမီးယားလိဂ် ချန်ပီယံအသင်းနဲ့ (၂၀၂၃) ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေသေးပေမယ့် အသင်းကနေ ထွက်ခွာဖွယ် ရှိတယ်လို့ သိရပါတယ်။

ဒီနှစ်စပိုင်းတုန်းက အသင်းကနေ ထွက်ခွာမယ့်သတင်းတွေကို မာရက်ဇ်ကတော့ ငြင်းဆန်ထားပေမယ့် သူ့ရဲ့ စာချုပ်သစ် ကိစ္စ အဆင်မပြေသေးတာက မန်စီးတီး သူ့ကို ရောင်းချဖို့ လမ်းကို တွန်းပို့လိုက်တာပဲ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ဂါဘရီရယ် ဂျေးဆုကို ခေါ်ယူမယ့် သတင်းတွေ ထွက်ပေါ်နေပေမယ့် လက်တွေ့မှာတော့ ဂွါဒီယိုလာက မာရက်ဇ်ကိုပဲ ရောင်းချဖွယ် ရှိတယ်လို့ သိရပါတယ်။

မာရက်ဇ်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၄၂) ပွဲကစားထားပြီး (၂၃) ဂိုးသွင်း (၉) ဂိုး ဖန်တီးပေးကာ အကောင်းဆုံး ရာသီကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

အယ်ဂျီးရီးယား လက်ရွေးစင်ကစားသမားဟာ ပရီးမီးယားလိဂ်ဖလား (၂) ကြိမ်၊ အက်ဖ်အေဖလား (၁) ကြိမ်၊ ကာရာဘောင်ဖာလး (၃) ကြိမ် တို့ကို မန်စီးတီးအသင်းနဲ့ ဆွတ်ခူးထားပေမယ့် ဒီနှစ် ပရီးမီးယားလိဂ်မှာ ပွဲထွက် ကစားခွင့် (၁၃) ပွဲသာ ရရှိထားပါတယ်။