မန်စီးတီးကို အနိုင်ယူဖို့ဆိုပြီး ရီးရဲလ် နည်းပြ အန်ဆယ်လော့တီ ပြင်ဆင်ထားတဲ့ ၅ချက်ပါ မဟာအကြံ

ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီဟာ ဒီည ဘာနေဗျူးမှာ မန်စီးတီးကို ဧည့်ခံ ကစားရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် အတွက် အချက် ၅ ချက် ပါတဲ့ မာစတာပလန် စီစဉ်ထားတယ်လို့ စပိန် သတင်းဌာနတွေက ဖော်ထုတ် ထားပါတယ်။

ရီးရဲလ်ဟာ မန်စီးတီးကို အင်္ဂလန်မှာ ရင်ဆိုင်ခဲ့တဲ့ ပထမအကျော့မှာ ၄-၃ နဲ့ အရေးနိမ့်ထားတာကြောင့် စပိန်မြေက ဒုတိယ အကျော့မှာ အနိုင်ယူ ကျော်ဖြတ်ဖို့ လိုနေပါတယ်။

Diario AS က ဖော်ထုတ်လိုက်တဲ့ အန်ဆယ်လော့တီရဲ့ မာစတာ ပလန်ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁) ဦးဆောင်ဂိုး အရင် ရအောင် သွင်းပါ။

၂) ဘာနေဗျူးကို ပွဲအစ ပထမမိနစ်ကနေ နောက်ဆုံးမိနစ် ဝီစီမှုတ်သည်ထိ မနားတည်း ဆူညံနေပါစေ။ ဒါမှသာ မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို လွှမ်းမိုး ကစားနိုင်တာမျိုး မလုပ်နိုင်ဖို့ ဖြစ်ပါတယ်။

၃) ကွင်းလယ်မှာ ကပ်စ်မဲရိုး အားကိုးနဲ့ မန်စီးတီးကို အနိုင်ကျင့် အသာစီး ယူရန်။

၄) ကီဗင် ဒီဘရိုင်းနဲ့ ရိုဒရီ တို့ကို လုံးဝ မလှုပ်နိုင်အောင် ချုပ်ထားဖို့။

၅) အသင်းက ပင်ပန်းခြေကျပုံပေါက်လာရင် လူစားလဲတာတွေ စောစောလုပ်ပြီး အရှိန်မြှင့်ဖို့။

ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ဟာ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို လာမယ့် မေလ ၅ ရက်နေ့၊ ကြာသပတေးနေ့ နံနက် ၁း၃ဝ နာရီမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ဘယ်အသင်း ဗိုလ်လုပွဲ တက်ရောက်သွားမလဲ စောင့်ကြည့် ရင်ခုန်ကြရတော့မှာ ဖြစ်ပါတယ်။