ဂွာဒီယိုလာက အာဖရိကန်တွေ လုပ်ထားတဲ့ ချန်ပီယံလိဂ် ကျိန်စာ မိနေတာလား တွေးစရာ ဖြစ်လာနေ
မန်စီးတီးအနေနဲ့ ဒီရာသီမှာ အကောင်းဆုံးပုံစံ ပြသထားနိုင်ခဲ့ပေမဲ့လည်း ချန်ပီယံလိဂ် ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာခဲ့ရပါပြီ။ မန်စီးတီးအနေနဲ့ ရီးရဲကို နှစ်ကျော့ပေါင်း ၆-၅ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေနာကျင်ဖွယ်ရာ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိဘောလုံးနယ်ရ့ အကောင်းဆုံးနည်းပြတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ ဂွါဒီယိုလာဟာ ချန်ပီယံလိဂ်ဖလား မကိုင်မြှောက်နိုင်တာ ၁၁ နှစ်အထိ ရှိသွားခဲ့ပါပြီ။ ဂွါဒီယိုလာအနေနဲ့ ဘာစီလိုနာကနေ ထွက်ခွာပြီးဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့ကို ကိုင်တွယ်ခဲ့ရာမှာ ချန်ပီယံလိဂ်ဖလား ရယူထားနိုင်ခြင်း မရှိသေးပါဘူး။
ဒါဟာ ဥရောပပွဲကြီးတွေမှာ အတွေးလွန်းတတ်တဲ့ ဂွါဒီယိုလာရဲ့ နည်းစနစ်ပိုင်းတွေကြောင့် မဟုတ်ရင်တော့ ယာယာတိုရေးရဲ့ အေးဂျင့် ဆူလက်ခ်ပြောဆိုခဲ့တဲ့ အာဖရိကကျိန်စာကြေင့်များလား တွေးစရာ ဖြစ်လာပါတယ်။
ယာယာတိုရေးအနေနဲ့မန်စီးတီးမှာ ကစားစဉ်တုန်းက မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ အေဂျင့် ဆူလက်ခ်တို့အကြား စကားလုံး တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
ယာယာတိုရေးရဲ့ အေးဂျင့် ဖြစ်သူ ဆူလက်ခ် က သူ့ကစားသမား အပေါ် မမျှမတ ဆက်ဆံတဲ့ ဂွာဒီယိုလာဟာ အာဖရိက ကစားသမားတွေနဲ့ ပြသနာ ရှိသူ ဖြစ်ပြီး အာဖရိကန်တွေ အားလုံး သူ့ကို ဆန့်ကျင်အောင် လုပ်လာနေတယ် လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။
“ဂွါဒီယိုလာက အာဖရိ ကစားသမားတွေကို မျက်နှာသာမ ပေးပါဘူး။ အာဖရိကလူမျိုးတွေက မန်စီးတီးကို အားမပေးကြတော့ဘူး။
အာဖရိက က နတ်ဆရာတွေ အများကြီးက ဂွာဒီယိုလာ ကို ချန်ပီယံလိဂ် ဖလား မယူနိုင်အာင် လုပ်ပါမယ်။ ဒါက ဂွာဒီယိုလာ အတွက် အာဖရိကသားတွေရဲ့ ကျိန်စာပဲ။ ကျနော်ပြောတာ မှန်၊ မမှန် သူ့ဘဝ တလျောက်လုံး သက်သေပြသွားလိမ့်မယ်။ ”လို့ ဆူလက်ခ်က ဆိုခဲ့ပါတယ်။
အီတီဟက်ကနေ အကွဲအပြဲများစွာနဲ့ ယာယာတိုရေး ထွက်ခွာသွားပြီးတဲ့နောက်မှာ မန်စီးတီးဟာ ဘယ်လောက် ဆုဖလားတွေပဲ ရယူနိုင်သည် ဖြစ်စေ ချန်ပီယံလိဂ်ဖလားကို မယူနိုင်သေးပါဘူး။