ပရီးမီးယားလိဂ်ဖလားအတွက် အရေးကြီလာတဲ့ နယူးကာဆယ်ပွဲအတွက် အိုဝင်ရဲ့ ခန့်မှန်း
ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့နောက် ဒီရာသီမှာ မန်စီးတီးအသင်း ရနိုင်တဲ့ တစ်ခုတည်းသော ဆုဖလားက ပရီးမီးယားလိဂ်ဖလား ဖြစ်လာပါတယ်။
အသင်းသားတွေ စိတ်ဓါတ်ကျဆင်းမှုတွေ ရှိနေမှာဖြစ်ပေမယ့် အရေးပါတဲ့ လက်ကျန် ၄ ပွဲကို အနိုင်ကစားမယ်ဆိုရင် ဆုဖလားတစ်လုံးကို ပိုင်ဆိုင်ဦးမှာပါ။ ဒီပွဲအတွက် မိုက်ကယ်အိုဝင်က သုံးသပ်မှု ပြုလုပ်သွားပါတယ်။
Manchester City v Newcastle United
ကြားရက်က မက်ဒရစ်မှာ ရင်နာစရာ အရေးနိမ့်မှုအပြီး မန်စီးတီးရဲ့ ဘောလုံးရာသီအတွက် ဒီပွဲက အရေးကြီးပါတယ်။ အဲ့သည် အရှုံးရလဒ်ကနေ တတ်နိုင်သလောက် ပြန်လာနိုင်ဖို့က သူတို့အတွက် အရေးကြီးနေပါတယ်။ ဒီရာသီနောက်ပိုင်းမှာ မန်စီးတီးရဲ့ လိဂ်ပြိုင်ပွဲ ပုံစံကောင်းတွေက အတော်လေး ထူးချွန်ပေမယ့် ဒီပွဲက လွယ်မှာ မဟုတ်ပါဘူး။
နယူးကာဆယ်က လိဂ်ရဲ့ အကောင်းဆုံး ပုံစံတွေ ရနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းက သူတို့အသင်းဟာ လီဗာပူးအသင်းကို ပြဿနာတွေ ပေးခဲ့တယ်။ နယူးကာဆယ်က ဘေးကင်းကင်း အခြေအနေပါ။ ဒီတော့ ဒီပွဲမှာ ရှုံးလည်း ဘာမှ မဖြစ်ပါဘူး။
ဒီပွဲက အီသီဟက်မှာတော့ တုန့်လှုပ်စရာပွဲဖြစ်မှာပါ။ ဒါပေမယ့်လို့ စီတီးပဲ နိုင်ပွဲရအောင် ယူသွားနိုင်ပါလိမ့်မယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ Manchester City 2-0 Newcastle United
ZAWGYI
ခ်န္ပီယံလိဂ္ကေန ထြက္ခြာခဲ့ရတဲ့ေနာက္ ဒီရာသီမွာ မန္စီးတီးအသင္း ရႏုိင္တဲ့ တစ္ခုတည္းေသာ ဆုဖလားက ပရီးမီးယားလိဂ္ဖလား ျဖစ္လာပါတယ္။
အသင္းသားေတြ စိတ္ဓါတ္က်ဆင္းမႈေတြ ရွိေနမွာျဖစ္ေပမယ့္ အေရးပါတဲ့ လက္က်န္ ၄ ပြဲကို အႏုိင္ကစားမယ္ဆိုရင္ ဆုဖလားတစ္လံုးကို ပိုင္ဆုိင္ဦးမွာပါ။ ဒီပြဲအတြက္ မုိက္ကယ္အိုဝင္က သံုးသပ္မႈ ျပဳလုပ္သြားပါတယ္။
Manchester City v Newcastle United
ၾကားရက္က မက္ဒရစ္မွာ ရင္နာစရာ အေရးနိမ့္မႈအၿပီး မန္စီးတီးရဲ႕ ေဘာလုံးရာသီအတြက္ ဒီပြဲက အေရးႀကီးပါတယ္။ အဲ့သည္ အရႈံးရလဒ္ကေန တတ္ႏိုင္သေလာက္ ျပန္လာႏိုင္ဖို႔က သူတို႔အတြက္ အေရးႀကီးေနပါတယ္။ ဒီရာသီေနာက္ပိုင္းမွာ မန္စီးတီးရဲ႕ လိဂ္ၿပိဳင္ပြဲ ပုံစံေကာင္းေတြက အေတာ္ေလး ထူးခြၽန္ေပမယ့္ ဒီပြဲက လြယ္မွာ မဟုတ္ပါဘူး။
နယူးကာဆယ္က လိဂ္ရဲ႕ အေကာင္းဆုံး ပုံစံေတြ ရေနတဲ့ အသင္းေတြထဲက တစ္သင္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ အပတ္တုန္းက သူတို႔အသင္းဟာ လီဗာပူးအသင္းကို ျပႆနာေတြ ေပးခဲ့တယ္။ နယူးကာဆယ္က ေဘးကင္းကင္း အေျခအေနပါ။ ဒီေတာ့ ဒီပြဲမွာ ရႈံးလည္း ဘာမွ မျဖစ္ပါဘူး။
ဒီပြဲက အီသီဟက္မွာေတာ့ တုန႔္လႈပ္စရာပြဲျဖစ္မွာပါ။ ဒါေပမယ့္လို႔ စီတီးပဲ ႏိုင္ပြဲရေအာင္ ယူသြားႏိုင္ပါလိမ့္မယ္။
မိုက္ကယ္အိုဝင္ ခန႔္မွန္းရလဒ္။ ။ Manchester City 2-0 Newcastle United