ဘီဘီစီ လော်ရိုးရဲ့ မန်စီးတီး – နယူးကာဆယ် ပွဲစဉ်အတွက် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်
မန်ချက်စတာ စီးတီးအသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ မှာ နယူးကာဆယ် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး လော်ရိုးကတော့ မန်စီးတီးနဲ့ နယူးကာဆယ် တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
လော်ရိုး က ” ဒီပွဲအတွက် အီသီဟက်ကွင်းရဲ့ အငွေ့အသက်တွေက လုံးဝကို ကွဲကြေနေမှာပါ။ ရီးရဲလ်မက်ဒရစ်ပွဲမှာ ဖြစ်ခဲ့တာတွေအတွက် စီးတီး ပရိသတ်တွေက သူတို့ရဲ့ အသင်း ကျဆင်းသွားတာကို မြင်လိုမှာ မဟုတ်ပါဘူး။ အခုကစပြီး အမှတ်ပေးဖလားအတွက် ဆက်လက်ပြီး အာရုံစိုက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
နယူးကာဆယ်က အမှတ်ပေးဇယား အလယ်လောက်ကို တက်လာအောင်ကို ကောင်းနေပေမယ့် ဒီနှစ်သင်းကြားမှာ အဆင့်ခြင်း ကွာခြားနေပါတယ်။ မန်စီးတီးက သက်သောင့်သက်သာ အနိုင်ရမယ်လို့ မျှော်လင့်ထားပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။
လော်ရိုး ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ စီးတီး ၃-ဝ နယူးကာဆယ် ယူနိုက်တက် ဖြစ်ပါတယ်။ ကစားမယ့် ပွဲချိန်ကတော့ မေ ၈ ရက်၊ တနင်္ဂနွေနေ့၊ ည ၁ဝ နာရီ ဖြစ်ပါတယ်။
ZG