နယူးကို ဂိုးပြတ် အနိုင်ယူကာ ပရီးမီးယားလိဂ် ဖလားကို သိမ်းဖို့ ခြေလှမ်း ၃ လှမ်းသာလိုတော့တဲ့ မန်စီးတီး

အနိုင် ၃မှတ်ပြည့် ယူဖို့ မန်စီးတီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာ အိမ်ကွင်းမှာ တိုက်စစ်ပိုင်း အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့အတူ နယူးကာဆယ်အသင်းကို ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ လီဗာပူး အသင်းနဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်ဟာ ၁-၁ သရေရလဒ်နဲ့ ပြီးဆုံးခဲ့တာကြောင့် လိုက်လံဖိအားပေးဖို့ လီဗာပူးတို့ ဟန်ချက်ပျက်သွားချိန်မှာ မန်စီးတီးက အပြည့်အဝ အခွင့်အရေး ယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် ရာသီကုန်ဖို့ လက်ကျန် ၃ ပွဲသာ ကျန်ချိန်မှာ ဒုတိယနေရာက လီဗာပူးလ်အသင်းကို ရမှတ် ၃ မှတ် ဖြတ်ထားနိုင်ခဲ့ပြီး ဂိုးကွာခြားချက်ပါ အသာရကာ ချန်ပီယံဆုအတွက် အတော် အလေးသာသွားခဲ့ပြီ ဖြစ်ပါတယ်။

နယူးကာဆယ်နဲ့ ပွဲမှာ မန်စီးတီးအသင်းအနေနဲ့ စတာလင်၊ ဂရီးလစ်ရ်ှတို့ရဲ့ တောင်ပံ နှစ်ဘက်က အတိုးအလှုပ်တွေနဲ့ နယူးကာဆယ် ခံစစ်ကို အဓိက ထိုးဖောက်ခဲါတယ်။ နယူးကာဆယ်အသင်းအနေနဲ့တော့ တောင်ပံတိုက်စစ်ကစားသမား စိန့် မက်ဆီမင် ရဲ့ ပြေးအားနဲ့ တစ်ချက်တစ်ချက် ထိုးဖောက်တာကလွဲရင် မန်စီးတီးအသင်းကို အဘက်ဘက်ယှဉ်နိုင်ဖို့ ခက်ခဲခဲ့တာပါ။

မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် ၁၉ မိနစ်မှာ စတာလင်၊ ၃၈ မိနစ်မှာ လာပေါ်တေး၊ ၆၁ မိနစ်မှာ ရိုဒရီ တို့က သွင်းယူပေးနိုင်ခဲ့ပြီး ၃-၀ ရလဒ်နဲ့ ပွဲပြီးမယ်လို့ ထင်ခဲ့ပေမယ့် ပွဲချိန် မိနစ် ၉၀ နဲ့ ၉၃ မိနစ်တို့မှာ ဖိုဒန်နဲ့ စတာလင်တို့က နောက်ထပ် သွင်းဂိုး နှစ်ဂိုးသွင်းယူပေးခဲ့တာကြောင့် ၅-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

မန်စီးတီးဟာ လီဗာပူးအသင်းနဲ့ ရဂိုး ပေးဂိုး ကွာခြားချက်ကိုပါ အသာစီးရယူနိုင်ခဲ့တာကြောင့် ဒီရာသီပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ တော်တော်လေး အခြေအနေကောင်းနေခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ လက်ကျန်ပွဲစဉ် ၃ ပွဲမှာ ဝုလ်ဗ်အသင်းကို အဝေးကွင်း၊ ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းနဲ့ ဗီလာအသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားသွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ် ဖလားကို အပိုင်သိမ်းဖို့ ခြေလှမ်း ၃ လှမ်း အကွာကို ရောက်လာပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

Zawgyi

အႏိုင္ ၃မွတ္ျပည့္ ယူဖို႔ မန္စီးတီးအသင္းဟာ မေန႔ညက ကစားခဲ့တဲ့ နယူးကာဆယ္နဲ႔ ပြဲမွာ အိမ္ကြင္းမွာ တိုက္စစ္ပိုင္း အေကာင္းဆုံးစြမ္းေဆာင္ရည္ေတြနဲ႔အတူ နယူးကာဆယ္အသင္းကို ၅-၀ ဆိုတဲ့ ရလဒ္နဲ႔ ဂိုးျပတ္ အႏိုင္ယူႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔က ကစားခဲ့တဲ့ လီဗာပူး အသင္းနဲ႔ စပါးအသင္းတို႔ရဲ႕ ပြဲစဥ္ဟာ ၁-၁ သေရရလဒ္နဲ႔ ၿပီးဆုံးခဲ့တာေၾကာင့္ လိုက္လံဖိအားေပးဖို႔ လီဗာပူးတို႔ ဟန္ခ်က္ပ်က္သြားခ်ိန္မွာ မန္စီးတီးက အျပည့္အဝ အခြင့္အေရး ယူနိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ ရာသီကုန္ဖို႔ လက္က်န္ ၃ ပြဲသာ က်န္ခ်ိန္မွာ ဒုတိယေနရာက လီဗာပူးလ္အသင္းကို ရမွတ္ ၃ မွတ္ ျဖတ္ထားႏိုင္ခဲ့ၿပီး ဂိုးကြာျခားခ်က္ပါ အသာရကာ ခ်န္ပီယံဆုအတြက္ အေတာ္ အေလးသာသြားခဲ့ျပီ ျဖစ္ပါတယ္။

နယူးကာဆယ္နဲ႕ ပြဲမွာ မန္စီးတီးအသင္းအေနနဲ႔ စတာလင္၊ ဂရီးလစ္ရ္ွတို႔ရဲ႕ ေတာင္ပံ ႏွစ္ဘက္က အတိုးအလႈပ္ေတြနဲ႔ နယူးကာဆယ္ ခံစစ္ကို အဓိက ထိုးေဖာက္ခဲါတယ္။ နယူးကာဆယ္အသင္းအေနနဲ႔ေတာ့ ေတာင္ပံတိုက္စစ္ကစားသမား စိန္႔ မက္ဆီမင္ ရဲ႕ ေျပးအားနဲ႔ တစ္ခ်က္တစ္ခ်က္ ထိုးေဖာက္တာကလြဲရင္ မန္စီးတီးအသင္းကို အဘက္ဘက္ယွဥ္ႏိုင္ဖို႔ ခက္ခဲခဲ့တာပါ။

မန္စီးတီးအသင္းအတြက္ သြင္းဂိုးေတြကိုေတာ့ ပြဲခ်ိန္ ၁၉ မိနစ္မွာ စတာလင္၊ ၃၈ မိနစ္မွာ လာေပၚေတး၊ ၆၁ မိနစ္မွာ ႐ိုဒရီ တို႔က သြင္းယူေပးႏိုင္ခဲ့ၿပီး ၃-၀ ရလဒ္နဲ႔ ပြဲၿပီးမယ္လို႔ ထင္ခဲ့ေပမယ့္ ပြဲခ်ိန္ မိနစ္ ၉၀ နဲ႔ ၉၃ မိနစ္တို႔မွာ ဖိုဒန္နဲ႔ စတာလင္တို႔က ေနာက္ထပ္ သြင္းဂိုး ႏွစ္ဂိုးသြင္းယူေပးခဲ့တာေၾကာင့္ ၅-၀ ရလဒ္နဲ႔ အႏိုင္ရခဲ့ပါတယ္။

မန္စီးတီးဟာ လီဗာပူးအသင္းနဲ႔ ရဂိုး ေပးဂိုး ကြာျခားခ်က္ကိုပါ အသာစီးရယူႏိုင္ခဲ့တာေၾကာင့္ ဒီရာသီပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ဖို႔ ေတာ္ေတာ္ေလး အေျခအေနေကာင္းေနခဲ့ၿပီျဖစ္ပါတယ္။

မန္စီးတီးအသင္းအေနနဲ႔ လက္က်န္ပြဲစဥ္ ၃ ပြဲမွာ ၀ုလ္ဗ္အသင္းကို အေဝးကြင္း၊ ၀က္စ္ဟမ္းအသင္းကို အေဝးကြင္းနဲ႔ ဗီလာအသင္းကို အိမ္ကြင္းမွာ လက္ခံ ကစားသြားရမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ ဖလားကို အပိုင္သိမး္ဖုိ႔ ေျခလွမ္း ၃ လွမ္း အကြာကို ေရာက္လာျပီလို႔ ဆိုရမွာ ျဖစ္ပါတယ္။