အရမ်းကောင်းပြနေတဲ့ ဝုဗ်ကို ယှဉ်ပြိုင်ရမယ့် မန်စီးတီးပွဲအတွက် မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်
မန်စီးတီး ဗိုလ်ဝင်ခံမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေက ၃ ပွဲပဲ ယှဉ်ပြိုင်ဖို့ ကျန်ရှိပါတော့တယ်။ ဝုဗ်နဲ့ ဝက်ဟမ်းပွဲစဉ်တွေကို ဂိုးအများအပြားနဲ့ အနိုင်ရမယ်ဆိုရင် အက်စတွန်ဗီလာနဲ့ပွဲ ရလဒ်မလိုဘဲ ချန်ပီယံဖြစ်သွားမှာပါ။
ဝုဗ်နဲ့ မန်စီးတီးပွဲအတွက် မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြမှာဖြစ်ပါတယ်။
Wolves v Manchester City
ဝုဗ်က ချယ်ဆီးကို သရေ ကစားသွားမယ်လို့ ကျနော် မထင်ခဲ့မိဘူး၊ အထူးသဖြင့် ၁၅ မိနစ်ပဲ ကျန်တော့တဲ့ အချိန်မှာ။ ဒါပေမယ့် အဲဒီအချိန်လေး အတွင်း ၂ ဂိုး ပြန်သွင်းလိုက်တာက အတော် အထင်ကြီးစရာ ဖြစ်ပြီး သူတို့ အသင်း ဘယ်လောက် ကောင်းနေလဲ ပြသနိုင်ခဲ့တယ်။
မန်စီးတီး နယူးကာဆယ်နဲ့ ရင်ဆိုင်မယ့် ပွဲမှာ အားလုံးက သူတို့ မက်ဒရစ်က ရှုံးပွဲ အပြီး ဘယ်လို တုန့်ပြန်မလဲ စောင့်ကြည့်နေခဲ့ကြတာပါ။ ပက် အနေနဲ့ သူ့အသင်းဆီက ဒိထက်ကောင်းတဲ့ တုန့်ပြန်ချက် တောင်းဆိုစရာတောင် မလိုတော့ဘူးထင်ပါတယ်။ သူတို့က ပွဲကို လုံးဝ လွှမ်းမိုး ကစားခဲ့တာပါ။ သွင်းဂိုးကလည်း ၅ ဂိုးထိ ရှိခဲ့ပြီး ပိုတောင် ဂိုးရနိုင်ခြေ ရှိခဲ့တယ်။
သူတို့ ကစားတာ ကြည့်ရင် ကြားရက်က ပွဲမှာ ရှုံးထားခဲ့တဲ့ အသင်းလို့တောင် မထင်ရပါဘူး။ ဒီပွဲမှာလည်း မန်စီးတီးပဲ နိုင်ပွဲ ယူသွားမယ်လို့ ကျနော် ထင်ပါတယ်။
အိုဝင် ခန့်မှန်းရလဒ်။ ။ Wolves 0-2 Manchester City
ZAWGYI
မန္စီးတီး ဗိုလ္ဝင္ခံမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြက ၃ ပြဲပဲ ယွဥ္ျပိဳင္ဖို႔ က်န္ရွိပါေတာ့တယ္။ ဝုဗ္နဲ႔ ဝက္ဟမ္းပြဲစဥ္ေတြကို ဂိုးအမ်ားအျပားနဲ႔ အႏုိင္ရမယ္ဆိုရင္ အက္စတြန္ဗီလာနဲ႔ပြဲ ရလဒ္မလိုဘဲ ခ်န္ပီယံျဖစ္သြားမွာပါ။
ဝုဗ္နဲ႔ မန္စီးတီးပြဲအတြက္ မိုက္ကယ္အိုဝင္ရဲ႕ ခန္႔မွန္းခ်က္ေတြကို ေဖာ္ျပမွာျဖစ္ပါတယ္။
Wolves v Manchester City
ဝုဗ္က ခ်ယ္ဆီးကို သေရ ကစားသြားမယ္လို႔ က်ေနာ္ မထင္ခဲ့မိဘူး၊ အထူးသျဖင့္ ၁၅ မိနစ္ပဲ က်န္ေတာ့တဲ့ အခ်ိန္မွာ။ ဒါေပမယ့္ အဲဒီအခ်ိန္ေလး အတြင္း ၂ ဂိုး ျပန္သြင္းလိုက္တာက အေတာ္ အထင္ႀကီးစရာ ျဖစ္ၿပီး သူတို႔ အသင္း ဘယ္ေလာက္ ေကာင္းေနလဲ ျပသႏိုင္ခဲ့တယ္။
မန္စီးတီး နယူးကာဆယ္နဲ႔ ရင္ဆိုင္မယ့္ ပြဲမွာ အားလုံးက သူတို႔ မက္ဒရစ္က ရႈံးပြဲ အၿပီး ဘယ္လို တုန႔္ျပန္မလဲ ေစာင့္ၾကည့္ေနခဲ့ၾကတာပါ။ ပက္ အေနနဲ႔ သူ႔အသင္းဆီက ဒိထက္ေကာင္းတဲ့ တုန႔္ျပန္ခ်က္ ေတာင္းဆိုစရာေတာင္ မလိုေတာ့ဘူးထင္ပါတယ္။ သူတို႔က ပြဲကို လုံးဝ လႊမ္းမိုး ကစားခဲ့တာပါ။ သြင္းဂိုးကလည္း ၅ ဂိုးထိ ရွိခဲ့ၿပီး ပိုေတာင္ ဂိုးရႏိုင္ေျခ ရွိခဲ့တယ္။
သူတို႔ ကစားတာ ၾကည့္ရင္ ၾကားရက္က ပြဲမွာ ရႈံးထားခဲ့တဲ့ အသင္းလို႔ေတာင္ မထင္ရပါဘူး။ ဒီပြဲမွာလည္း မန္စီးတီးပဲ ႏိုင္ပြဲ ယူသြားမယ္လို႔ က်ေနာ္ ထင္ပါတယ္။
အိုဝင္ ခန႔္မွန္းရလဒ္။ ။ Wolves 0-2 Manchester City