ဘယ်လ်ဂျီယံမှာ ဆေးစစ်ပြီးသွားပြီ ဖြစ်တဲ့ ဟာလန်း ကို ခေါ်ယူဖို့ မန်စီးတီးတို့ ဘယ်လောက်ထိ သုံးခဲ့ရလဲ

မန်စီးတီး ဟာ ဟာလန်း ကို ခေါ်ယူနိုင်တဲ့ အကြောင်း ဒီတစ်ပတ်ထဲမှာပဲ တရားဝင် ကြေငြာတော့မယ့် သတင်းတွေ ထွက်ပေါ်လာပြီးနောက် အပြောင်းအရွှေ့ နဲ့ သက်ဆိုင်နေတဲ့ ကိန်း ဂဏန်းတွေလဲ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဟာလန်း ဟာ မနေ့ကပဲ ဘယ်လ်ဂျီယံ ကို သွားရောက်ကာ ဆေးစစ်မှုတွေကို ခံယူကာ အောင်မြင် ပြီးစီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မန်စီးတီး ကလည်း စာချုပ် ဖျက်သိမ်းမှု ဆိုင်ရာ လျော်ကြေး ယူရို ၇၅ သန်း ပေးဖို့ ပြင်ဆင်ထားပြီးပြီ ဖြစ်ပါတယ်။

နော်ဝေလက်ရွေးစင် ကစားသမား ဟာ မန်စီးတီး နဲ့ ၅ နှစ် သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုသွားဖွယ် ရှိနေတယ် လို့ သိရပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်တဲ့ ရိုမန်နို က ဟာလန်း ရဲ့ လစာ ဟာ လက်ရှိ မန်စီးတီး မှာ အမြင့်ဆုံး ဖြစ်နေတဲ့ ဒီဘရိုင်း ရဲ့ ပေါင် ၃၇၅၀၀၀၀ ကို ကျော်လွန်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ အဲဒီ ပမာဏ အတိုင်းဆိုရင် နော်ေ၀ တိုက်စစ်မှုးဟာ တစ်လ လုပ်ခ ပေါင် ၁.၅ သန်း နဲ့ ၅ နှစ် စာချုပ် အတွက် စုစုပေါင်း ပေါင် သန်း ၉၀ ရရှိမှာ ဖြစ်ပါတယ်။

ဒါပေမယ့် တယ်လီဂရပ်ဖ် ရဲ့ တွက်ချက်မှုမှာတော့ အဲဒီထက် ပိုနေပြီး ၅ နှစ် စာချုပ် အတွက် စုစုပေါင်း ပေါင် ၁၀၇ သန်း ဝန်းကျင် အထိ သုံးစွဲလိုက်ရတယ်လို့ ဆိုပါတယ်။ အဲဒီလို ပမာဏထဲမှာ မန်စီးတီး နဲ့ စာချုပ် ချုပ်ဆိုလိုက်တဲ့ အတွက် လက်မှတ်ထိုးကြေး ပါ ထည့်သွင်း တွက်ချက်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အေးဂျင့် ပွဲစားခတွေ ၊ ပြောင်းရွှေ့ကြေး နဲ့ အခြား ဆက်စပ် ကုန်ကျစာရိတ်တွေကြောင့် ၊ ကစားသမား ရဲ့ လစာ ပေးချေမှုကိုပါ စုစုပေါင်း တွက်ချက်လိုက်မယ် ဆိုရင် မန်စီးတီး သုံးစွဲရမယ့် ပမာဏဟာ ၂၁၃ သန်း အထိတောင် ရှိတယ်လို့ ဆိုပါတယ်။

ဒီအပြောင်းအရွှေ့မှာ အဓိက ကျတဲ့ ကြားခံ ပွဲစားတွေထဲက တစ်ဦးဖြစ်တဲ့ ဟာလန်း ဖခင် Jan Aage Fjortoft က တွစ်တာကနေ အခုလို အသိပေးခဲ့ပါတယ်။

“ နောက်ဆုံးတော့ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချလိုက်ပါပြီ။ ဟာလန်း ဟာ လာမယ့် ဘောလုံးရာသီမှာ မန်စီးတီး အတွက် ပါဝင် ကစားသွားမှာပါ။ Team Haaland ဟာ ဒီဆုံးဖြတ်နဲ့ ပတ်သက်ပြီး ရီးရဲ မက်ဒရစ် ၊ ဘိုင်ယန် မြူးနစ် အသင်းတွေကို ပြီးခဲ့တဲ့ အပတ် ကတည်းက အသိပေးခဲ့ပါတယ်။

စာချုပ်ဆိုင်ရာ အသေးစိတ် ကိစ္စရပ်တွေကိုလဲ ပြီးခဲ့တဲ့ အပတ်တွေ ကတည်းက အပြီးသတ် လုပ်ဆောင်ခဲ့တာပါ” လို့ ရေးသား ရှင်းပြသွားခဲ့ပါတယ်။