၂၄ မိနစ် အတွင်း ၃ ဂိုးသွင်းသွားတဲ့ မန်စီးတီးရဲ့ ဒီဘရိုင်းကို အံ့သြဘနန်း ဖြစ်နေတဲ့ ဝုဗ် နည်းပြအဖွဲ့ဝင် တစ်ဦး
မန်စီးတီး ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ ညက ဝုဗ်ကို ၅-၁ နဲ့ ဂိုးပြတ်နိုင်တဲ့ပွဲမှာ အရေးပါစွာ စွမ်းဆောင်ခဲ့ပြီး သူ့သွင်းဂိုး လေးဂိုးမှာ သုံးဂိုးက ၂၄ မိနစ် အတွင်း အစွမ်းပြ သွင်းယူတာ ဖြစ်ခဲ့ပါတယ်။
ဒီရာသီ မန်စီးတီးအတွက် ဒီဘရိုင်း သွင်းဂိုးက ၁၉ ဂိုး ရှိထားပြီး ယခင်ရာသီများမှာ သူ အများဆုံး သွင်းထားဖူးတဲ့ ၁၆ ဂိုး မှတ်တမ်းကို ကျော်လွန်နေပြီ ဖြစ်ပါတယ်။
ဝုဗ်အသင်း နည်းပြ အဖွဲ့ဝင် ဖြစ်တဲ့ ကြံ့ခိုင်ရေး နည်းပြ ကက်ဟာဒါကတော့ ဒီဘရိုင်းလို ကစားသမားမျိုးကို သူတို့ ရပ်တန့်ဖို့ ဘယ်လိုမှ မစွမ်းနိုင်ခဲ့ကြောင်း ပွဲအပြီးမှာ ဝန်ခံခဲ့ပါတယ်။
” ပွဲကို အမြဲ ပြောင်းလဲပစ်နိုင်တဲ့ ဒီဘရိုင်းလို ကစားသမား ရှိနေတယ် ဆိုရင် ဗျူဟာ ပိုင်းလည်း အမျိုးမျိုး ပြောင်းလဲ ကစားလို့ ရတယ်။ နည်းဗျူဟာကောင်းသာ ရှိပြီး ဒီလို ၄ ဂိုးလောက် ဝင်သွင်း၊ ပွဲကို ဖြတ်ပစ်နိုင်တဲ့ ကစားသမားမျိုး ရှိနေတော့ တွေးကြည့်ပေါ့ဗျာ။ ဒီလို စွမ်းဆောင်ရည်မျိုးကို ကျနော်တို့ ဘယ်လိုမှ ရပ်တန့်ဖို့ မစွမ်းသာပါဘူး၊ ဘာမှလည်း မလုပ်နိုင်ဘူး။ ” လို့ ကက်ဟာဒါက ဆိုခဲ့ပါတယ်။
ဒီဘရိုင်းဟာ ဒီနောက်ပိုင်း နှစ်တွေမှာ ဒဏ်ရာ ပြသနာတွေ ရှိပေမယ့် ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၃၁ ပွဲ ကစားပြီး အရေးပါတဲ့ ဂိုးတွေ သွင်းယူ ကူညီပေးနေပါတယ်။
မန်စီးတီး အနေနဲ့လည်း ဂိုးပြတ်နိုင်ပွဲ ဆက် ရယူနေတာကြောင့် ပရီးမီးယားလိဂ်ဖလားကို သိမ်းပိုက်ဖို့ သေချာသလောက် ဖြစ်လာပြီး လက်ကျန် နှစ်ပွဲမှာ တစ်ပွဲ ဂိုးပြတ်နိုင်တာနဲ့ ဖလား ရပြီ ဆိုနိုင်ပြီ ဖြစ်ပါတယ်။
ဒီဘရိုင်းရဲ့ ပထမပိုင်းမှာ သွင်းတဲ့ ၃ဂိုး ဟက်ထရစ်ဟာ ပရီးမီးယားလိဂ် သမိုင်းမှာပါ အမြန်ဆုံး ဟက်ထရစ် တစ်ခုလည်း လည်း ဖြစ်လာခဲ့ပါတယ်။
Zawgyi
မန္စီးတီး ကြင္းလယ္ကစားသမား ဒီဘ႐ိုင္းဟာ ညက ဝုဗ္ကို ၅-၁ နဲ႔ ဂိုးျပတ္ႏိုင္တဲ့ပြဲမွာ အေရးပါစြာ စြမ္းေဆာင္ခဲ့ၿပီး သူ႔သြင္းဂိုး ေလးဂိုးမွာ သုံးဂိုးက ၂၄ မိနစ္ အတြင္း အစြမ္းျပ သြင္းယူတာ ျဖစ္ခဲ့ပါတယ္။
ဒီရာသီ မန္စီးတီးအတြက္ ဒီဘ႐ိုင္း သြင္းဂိုးက ၁၉ ဂိုး ရွိထားၿပီး ယခင္ရာသီမ်ားမွာ သူ အမ်ားဆုံး သြင္းထားဖူးတဲ့ ၁၆ ဂိုး မွတ္တမ္းကို ေက်ာ္လြန္ေနၿပီ ျဖစ္ပါတယ္။
ဝုဗ္အသင္း နည္းျပ အဖြဲ႕ဝင္ ျဖစ္တဲ့ ၾကံ႕ခိုင္ေရး နည္းျပ ကက္ဟာဒါကေတာ့ ဒီဘ႐ိုင္းလို ကစားသမားမ်ိဳးကို သူတို႔ ရပ္တန႔္ဖို႔ ဘယ္လိုမွ မစြမ္းႏိုင္ခဲ့ေၾကာင္း ပြဲအၿပီးမွာ ဝန္ခံခဲ့ပါတယ္။
” ပြဲကို အၿမဲ ေျပာင္းလဲပစ္ႏိုင္တဲ့ ဒီဘ႐ိုင္းလို ကစားသမား ရွိေနတယ္ ဆိုရင္ ဗ်ဴဟာ ပိုင္းလည္း အမ်ိဳးမ်ိဳး ေျပာင္းလဲ ကစားလို႔ ရတယ္။ နည္းဗ်ဴဟာေကာင္းသာ ရွိၿပီး ဒီလို ၄ ဂိုးေလာက္ ဝင္သြင္း၊ ပြဲကို ျဖတ္ပစ္ႏိုင္တဲ့ ကစားသမားမ်ိဳး ရွိေနေတာ့ ေတြးၾကည့္ေပါ့ဗ်ာ။ ဒီလို စြမ္းေဆာင္ရည္မ်ိဳးကို က်ေနာ္တို႔ ဘယ္လိုမွ ရပ္တန႔္ဖို႔ မစြမ္းသာပါဘူး၊ ဘာမွလည္း မလုပ္ႏိုင္ဘူး။ ” လို႔ ကက္ဟာဒါက ဆိုခဲ့ပါတယ္။
ဒီဘ႐ိုင္းဟာ ဒီေနာက္ပိုင္း ႏွစ္ေတြမွာ ဒဏ္ရာ ျပသနာေတြ ရွိေပမယ့္ ဒီရာသီမွာ မန္စီးတီးအတြက္ ၿပိဳင္ပြဲစုံ ၃၁ ပြဲ ကစားၿပီး အေရးပါတဲ့ ဂိုးေတြ သြင္းယူ ကူညီေပးေနပါတယ္။
မန္စီးတီး အေနနဲ႔လည္း ဂိုးျပတ္ႏိုင္ပြဲ ဆက္ ရယူေနတာေၾကာင့္ ပရီးမီးယားလိဂ္ဖလားကို သိမ္းပိုက္ဖို႔ ေသခ်ာသေလာက္ ျဖစ္လာၿပီး လက္က်န္ ႏွစ္ပြဲမွာ တစ္ပြဲ ဂိုးျပတ္ႏိုင္တာနဲ႔ ဖလား ရၿပီ ဆိုႏိုင္ၿပီ ျဖစ္ပါတယ္။
ဒီဘ႐ိုင္းရဲ႕ ပထမပိုင္းမွာ သြင္းတဲ့ ၃ဂိုး ဟက္ထရစ္ဟာ ပရီးမီးယားလိဂ္ သမိုင္းမွာပါ အျမန္ဆုံး ဟက္ထရစ္ တစ္ခုလည္း လည္း ျဖစ္လာခဲ့ပါတယ္။