ဝက်ဟမ်းနဲ့ မန်စီးတီး ပွဲစဉ်အတွက် ဝါရင့် သုံးသပ်သူ လော်ရိုးရဲ့ ပွဲကြို ရလဒ်ခန့်မှန်းချက်

ဒီသီတင်းပတ်မှာ ချယ်ဆီးနဲ့ လီဗာပူးတို့က အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားကြမှာ ဖြစ်တာကြောင့် ပွဲစဉ် ၃၇ ကို မန်စီးတီးက အရင်ဆုံး ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

ဒီပွဲကို ဂိုးပြတ်နိုင်ရင် မန်စီးတီးက ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပါပြီ။ နိုင်တယ်ဆိုရင်တောင် ချန်ပီယံဖြစ်ဖို့ သေချာနေပြီဖြစ်တဲ့ ပွဲစဉ်အတွက် ဘီဘီစီမှ ဘောလုံးခန့်မှန်းသူဖြစ်တဲ့ ဂုရုကြီး လော်ရိုးရဲ့ ပွဲကြို ခန့်မှန်းကို ဖော်ပြသွားမှာဖြစ်ပါတယ်။

West Ham v Manchester City

ဝုဗ်နဲ့ ပွဲမှာ ဖာနန်ဒင်ဟိုရော လာပေါ်တေးရော ဒဏ်ရာ ရခဲ့တာကြောင့် မန်စီးတီးက ခံစစ်တန်းမှာ အဓိက ကစားသမား တချို့ မပါဘဲ ကစားရမှာပါ။ ဒါကြောင့် စိတ်ဝင်စားစရာတွေက ဖြစ်လာနိုင်ပါတယ်။

ဖွင့်ကစားရတာက ပြသနာတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဝက်စ်ဟမ်းက ဘောလုံးကို သိပ် ကိုင်ခွင့် ရမှာ မဟုတ်ဘူး။ ဒါပေမယ့် စီးတီးသာ ခံစစ်မှာ ရွေ့လျားမှုတွေ လုပ်ရင် တည်ကန်ဘောတွေ ကာကွယ်ရတာတွေ ရှိရင် ဝက်စ်ဟမ်းက တကယ် ခြိမ်းခြောက်နိုင်စွမ်း ရှိပါတယ်။

သူတို့ ဒီအခြေအနေတွေကြားထဲ ဖြစ်အောင် လုပ်လာနိုင်တာက အဓိက အချက်ပါ။ မန်စီးတီးက ဒီပွဲကို သရေ ကျနိုင်ပါသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်ဆုံး ပွဲမှာ ဗီလာကို နိုင်ရင် လီဗာပူးထက် မန်စီးတီးတို့ထက် အသာရနိုင်ပါသေးတယ်။

ဒါပေမယ့် ကျနေ်ာကတော့ မန်စီးတီးက လန်ဒန်ကွင်းကို အနိုင်သွားယူမယ် လို့ ထင်နေပါသေးတယ်။ သူတို့ ကြားရက်က ဝုဗ်နဲ့ ပွဲလို ၅-၁ နဲ့ နိုင်မှာတော့ မဟုတ်ပါဘူး။ ဝက်စ်ဟမ်းကလည်း အကြိတ်အနယ် ဖြစ်အောင် ပြန် ယှဉ်မှာ ဖြစ်ပြီး စီးတီးရဲ့ တိုက်စစ် အင်အားက အသာရသွားအောင် လုပ်နိုင်စွမ်း ရှိပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ West Ham 1-2 Manchester City