မန်စီးတီး ငွေသုံးလို့ အောင်မြင်တာပါ၊ အထင်မကြီးဘူးဆိုတဲ့ သဘောထားတွေကို တုန့်ပြန်လိုက်တဲ့ ဂွာဒီယိုလာ

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ မန်ချက်စတာ စီးတီးက ငွေသုံးလို့ အောင်မြင်တာပါ၊ အထင်မကြီးဘူးဆိုတဲ့ သဘောထားတွေကို ချက်ကျလက်ကျပဲ တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

ဂွာဒီယိုလာက ” မန်စီးတီးက ငွေသုံးလို့ အောင်မြင်မှုရတာပါ။ အထင်ကြီးစရာ မရှိပါဘူး .. ဆိုပြီး ကျွန်တော်တို့နဲ့ ပတ်သက်လာရင် လူတွေက ဒီလိုပြောကြတယ်။ ဘယ်တတ်နိုင်မလဲဗျာ။ သူတို့ အဲ့ဒီလိုမြင်ရင်လည်း အဲ့ဒီလိုပဲပေါ့။

ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လိုတွေ ကြိုးစားနေသလဲ။ အောင်မြင်မှုတွေကို ဘယ်လိုမျိုး စနစ်တကျနဲ့ ရယူနေသလဲ ဆိုတာ ကိုတော့ လူတွေက စိတ်မဝင်စားကြပါဘူး။

ခင်ဗျားတို့ ကျွန်တော့်ကို အသိအမှတ်မပြုလို့ရတယ်။ ကျွန်တော့်ကစားသမားတွေကို အသိအမှတ်မပြုလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော့်ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ် ပြုပြီးသားပါ။ သူတို့အတွက် အရေးအကြီးဆုံးကလည်း အဲ့ဒါပါပဲ။

၁၉၇၀-၈၀ နှစ်ကာလတွေမှာ လီဗာပူးဟာ အောင်မြင်မှုတွေ များစွာရခဲ့တယ်။ အဲ့ဒီကာလတုန်းက ဘယ်အသင်းက ပိုက်ဆံအသုံးဆုံးလဲ။ နော်ဝစ်ချ်လား၊ လက်စတာလား၊ မဟုတ်ဘူးဗျ … လီဗာပူးက ပိုက်ဆံ အများဆုံးသုံးခဲ့တာ။

လီဗာပူးတို့၊ မန်ယူတို့ ပိုက်ဆံတွေသုံးပြီး အောင်မြင်မှုတွေရခဲ့စဉ်တုန်းက အားလုံးက ထိုက်တန်တယ်။ အထင်ကြီးစရာ ကောင်းတယ်လို့ လက်ခံခဲ့ကြတာပါပဲ။ ကျွန်တော်တို့အလှည့်ကျခါမှ ပိုက်ဆံသုံးလို့ အထင်ကြီးစရာ မရှိဘူးဆိုတော့ ကျွန်တော်လည်း မပြောတတ်တော့ပါဘူး။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Zawgyi

မန္စီးတီး နည္းျပ ပက္ ဂြာဒီယိုလာကေတာ့ မန္ခ်က္စတာ စီးတီးက ေငြသံုးလို႔ ေအာင္ျမင္တာပါ၊ အထင္မၾကီးဘူးဆိုတဲ့ သေဘာထားေတြကို ခ်က္က်လက္က်ပဲ တုန္႔ျပန္ ေျပာဆိုခဲ့ပါတယ္။

ဂြာဒီယိုလာက ” မန္စီးတီးက ေငြသုံးလို႔ ေအာင္ျမင္မႈရတာပါ။ အထင္ႀကီးစရာ မရွိပါဘူး .. ဆိုျပီး ကြၽန္ေတာ္တို႔နဲ႔ ပတ္သက္လာရင္ လူေတြက ဒီလိုေျပာၾကတယ္။ ဘယ္တတ္ႏိုင္မလဲဗ်ာ။ သူတို႔ အဲ့ဒီလိုျမင္ရင္လည္း အဲ့ဒီလိုပဲေပါ့။

ဒါေပမဲ့ ကြၽန္ေတာ္တို႔ ဘယ္လိုေတြ ႀကိဳးစားေနသလဲ။ ေအာင္ျမင္မႈေတြကို ဘယ္လိုမ်ိဳး စနစ္တက်နဲ႔ ရယူေနသလဲ ဆိုတာ ကိုေတာ့ လူေတြက စိတ္မဝင္စားၾကပါဘူး။

ခင္ဗ်ားတို႔ ကြၽန္ေတာ့္ကို အသိအမွတ္မျပဳလို႔ရတယ္။ ကြၽန္ေတာ့္ကစားသမားေတြကို အသိအမွတ္မျပဳလို႔ရတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ကေတာ့ နည္းျပတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ့္ကစားသမားေတြရဲ႕ ႀကိဳးစားအားထုတ္မႈကို အသိအမွတ္ ျပဳၿပီးသားပါ။ သူတို႔အတြက္ အေရးအႀကီးဆုံးကလည္း အဲ့ဒါပါပဲ။

၁၉၇၀-၈၀ ႏွစ္ကာလေတြမွာ လီဗာပူးဟာ ေအာင္ျမင္မႈေတြ မ်ားစြာရခဲ့တယ္။ အဲ့ဒီကာလတုန္းက ဘယ္အသင္းက ပိုက္ဆံအသုံးဆုံးလဲ။ ေနာ္ဝစ္ခ်္လား၊ လက္စတာလား၊ မဟုတ္ဘူးဗ် … လီဗာပူးက ပိုက္ဆံ အမ်ားဆုံးသုံးခဲ့တာ။

လီဗာပူးတို႔၊ မန္ယူတို႔ ပိုက္ဆံေတြသုံးၿပီး ေအာင္ျမင္မႈေတြရခဲ့စဥ္တုန္းက အားလုံးက ထိုက္တန္တယ္။ အထင္ႀကီးစရာ ေကာင္းတယ္လို႔ လက္ခံခဲ့ၾကတာပါပဲ။ ကြၽန္ေတာ္တို႔အလွည့္က်ခါမွ ပိုက္ဆံသုံးလို႔ အထင္ႀကီးစရာ မရွိဘူးဆိုေတာ့ ကြၽန္ေတာ္လည္း မေျပာတတ္ေတာ့ပါဘူး။ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။