မန်စီးတီးနဲ့ ဟာလန်းကြား စာချုပ်မှာ ၂၀၂၄ ခုနှစ် ထွက်ခွာခွင့်အတွက် သဘောတူညီမှု ပါဝင်ထားတယ်
မန်စီးတီးအသင်းဟာ ဟာလန်းကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပေမယ့် စာချုပ်မှာတော့ တိုက်စစ်သမားက ထွက်ခွာလိုရင် ခွင့်ပြုပေးဖို့ဆိုတဲ့ အရေးပါတဲ့ အချက်တစ်ခုကို သဘောတူညီထားကြောင်း ဒေးလီးမေလ်းက ဖော်ပြပါတယ်။
နော်ဝေသားဟာ ဒေါ့မွန်နဲ့ နှစ်နှစ်ကျော် ကာလအပြီး ပေါင် ၅၁ သန်းတန် စာချုပ်နဲ့ နွေရာသီမှာ အီသီဟဒ်ကို ရောက်လာတော့မှာပါ။ တိုက်စစ်ကစားသမားဟာ ၂၀၂၀ မှာ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်ထံ မရောက်ခင် ဆဲလ်ဘက်နဲ့အတူ စတင်ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။
ဒေါ့မွန်ကို ပြောင်းရွှေ့ချိန်မှာ ဥရောပထိပ်သီးတွေ သူ့အနားမှာ ဝိုင်းဝိုင်းလည်နေတာကြောင့် ၂၀၂၂ ခုနှစ် နွေမှာ သူထွက်ခွင့်ရမယ့် စာချုပ်ဖျက်သိမ်းကြေးကို ကြိုတင် ထည့်သွင်းထားတာဖြစ်တယ်။ ဒါကလည်း သူ့ရဲ့ အနာဂတ်အတွက် စိတ်တိုင်းကျ စီမံနိုင်ဖို့ ကြိုတင် စီစဉ်ထားခဲ့တာပါ။
နောက်ဆုံးမှာ စီးတီးက ဟာလန်းနဲ့ ဒေါ့မွန်ကြား သဘောတူညီထားတ့ ပြောင်းရွှေ့ကြေးအတိုင်း သူ့ကို ခေါ်ယူနိုင်ခဲ့ပြီး ဒေါ့မွန်အတွက် ၈၈ ပွဲမှာ ၈၅ ဂိုး သွင်းယူခဲ့တဲ့ ဥရောပ ထိပ်တန်း တိုက်စစ်ကစားသမား တစ်ယောက်ကို ကြိုဆိုခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဟာလန်းရဲ့ ကိုယ်စားလှယ်တွေဟာ ဂျာမနီမှာတုန်းကလိုပဲ ၂ နှစ်အတွင်း အသက်ဝင်လာမယ့် စာချုပ်ဖျက်သိမ်းကြေး သဘောတူညီမှုကို စီးတီးနဲ့ စာချုပ်သစ်မှာ ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၄ မှာ မန်ချက်စတာကနေ ဟာလန်း ထွက်ခွာလိုတယ်ဆိုရင် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၂၈ သန်းနဲ့အတူ ထွက်ခွင့်ရမှာဖြစ်ပါတယ်။
တချို့သတင်းတွေမှာတော့ စာချုပ်ဖျက်သိမ်းကြေး ပါဝင်ပေမယ့် တန်ကြေးနဲ့ နှစ်သက်တမ်းကို အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ဟာလန်းရဲ့ ရောက်ရှိလာမှုဟာ ပွဲကစားချိန် ကန့်သတ်ခံရနိုင်တဲ့ ဂေဘရီရယ် ဂျေးဆုရဲ့ အနာဂတ်အပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။ တိုက်စစ်မှူးဟာ အာဆင်နယ်ထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေခဲ့တာဖြစ်ပြီး သူ့အပေါ် စိတ်ဝင်စားမှုများစွာ ရှိနေတဲ့အကြောင်း အေးဂျင့်ဖြစ်သူက ဝန်ခံခဲ့ထားတာပဲ ဖြစ်ပါတယ်။