ဆောက်သမ်တန်နဲ့ မန်စီးတီး ပရိသတ်တွေကို သတင်းစကား ပြောလာတဲ့ ဂွာဒီယိုလာ

မနေ့ကပွဲမှာ ဝက်စ်ဟမ်းဟာ မန်စီးတီး ကို ဦးဆောင်ဂိုးတွေ သွင်းနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ သရေ ရလာဒ် ထွက်ပေါ်ခဲ့တာမို့ ပရီးမီးယားလိ ချန်ပီယံဆု အဆုံးအဖြတ်ဟာ ရာသီအပိတ် ပွဲစဉ်ရောက်မှပဲ အဖြေပေါ်လာဖွယ် ရှိနေပါတယ်။

မနက်ဖြန်ညမှာ လီဗာပူး ဟာ ဆောက်သမ်တန် နဲ့ ကစားရမှာ ဖြစ်သလို အဲ့ပွဲရလဒ်က ပရီးမီးယားလိဂ် ချန်ပီယံ ထွက်ပေါ်ရေး သက်ရောက်မှု ရှိပါတယ်။ သတင်းသမားတွေ ကတော့ ပက် အနေနဲ့ ဆောက်သမ်တန် အသင်းကို ဘယ်လို သတင်းစကားမျိုးတွေ ပါးချင်လဲ လို့ မေးခွန်း ထုတ်ခဲ့ရာ

“ လီဗာပူး ကို 4-0 လောက် နဲ့ အနိုင် ကစားပေးပါ လို့ ပြောချင်ပါတယ်။

နောက်ဆုံး ပွဲမှာ အိမ်ကွင်းမှာ ကစားရတာ ဂုဏ်ယူစရာ တစ်ခုပါ။ အခွင့်အရေး က ကျနော်တို့ လက်ထဲမှာပါပဲ။ ဒါကြောင့် အခြား အသင်းတွေရဲ့ ရလာဒ်တွေကို ကြည့်နေမှာ မဟုတ်ပါဘူး။ ကိုယ့် လုပ်စရာ ရှိတာကိုပဲ ခွန်အားပြည့် ပေးဆပ် ကစားသွားမှာ ဖြစ်ပါတယ်။

ဒီပွဲ အပြီးမှာ ကစားသမားတွေ ကို ဝမ်းနည်း မနေကြဖို့ ကျနော် မှာခဲ့ပါတယ် ဘာလို့လဲ ဆိုတော့ အကောင်းဆုံး ပေးဆပ်ပြီး ကစားခဲ့တာပဲလေ။ ဒီလို ပြိုင်ဘက်မျိုး နဲ့ ရာသီ နောက်ဆုံးနေ့ ရောက်မှ ဘယ်သူက ချန်ပီယံ ဖြစ်မယ် ဆိုတဲ့ အဆုံးအဖြတ် ခံယူရတာ မျှတမှု ရှိပါတယ် ဘာလို့လဲ ဆိုတော့ နှစ်သင်း စလုံးက အရမ်းကို ကောင်းလွန်းတာပါ။

ကံကြမ္မာ ဖန်တီးခွင့် က ကျနော်တို့ လက်ထဲမှာ ရှိတာမို့ ၊ ကောင်းတဲ့ အချက်လို့ ပြောလို့ ရပါတယ်။ လွယ်တော့ လွယ်မှာ မဟုတ်ပါဘူး စိတ်လှုပ်ရှားမှုတွေက ရှိနေမှာပါ။ ဒါကြောင့် ကစားသမားတွေ တည်တည်ငြိမ်ငြိမ် နဲ့ ကြံ့ခိုင်မှု အပြည့်ဖြစ်အောင် ကျနော်တို့ ပြင်ဆင်ရပါမယ်။

အချိန် တစ်ပတ်တောင် ရှိတာမို့ ၊ နားချိန်လဲ လုံလုံလောက်လောက် ရမှာပါ။ ပြီးတော့ အနိုင်ပွဲ အတွက် ပြင်ဆင်ပြီး ၊ ပရီးမီးယားလိဂ် ဖလား သိမ်းပိုက်နိုင်အောင် အကောင်းဆုံး ကြိုးစားသွားမှာပါ” လို့ ဂွာဒီယိုလာက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။