မန်ယူကိုငြင်း စီးတီး လာချင်တဲ့ ဒီဂျောင်၊ လီဗာပူးနဲ့ အပြိုင်ချိတ်နေတဲ့ ပစ်မှတ်နဲ့ မန်စီးတီး အပြောင်းအရွှေ့ သတ်ငးများ

မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ဟာ ဒေါ့မွန် ကြယ်ပွင့် ဘယ်လင်ဟမ်ရဲ့ ညီဖြစ်သူကို ခေါ်ယူဖို့ အပြိုင် ကြိုးစားပေမယ့် ယာဂင်ကလော့ပ်ရဲ့ အသင်းက အသာစီး ရနေပါတယ်။ အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ ကွင်းလယ်လူဟာ ပရော်ဖက်ရှင်နယ် စာချုပ်ကို အင်္ဂလန်ကလပ် တစ်သင်းထံ ကူးပြောင်းခြင်းနဲ့အတူ စာချုပ်ချုပ်ဆိုနိုင်ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ဟာလန်းကို ခေါ်ယူထားပေမယ့် နောက်ထပ် ကစားသမား ၂ ဦး ခေါ်ယူပြီး ရာသီသစ်အတွက် အားဖြည့်လိုနေပါတယ်။ ကွင်းလယ်လူတစ်ဦးနဲ့ အစွန်လူ တစ်ဦးဖြစ်မယ်လို့ သိရပါတယ်။

မန်စီးတီး တိုက်စစ်မှုး ဂျေးဆုကို အာဆင်နယ်က ချိတ်ဆက်နေတဲ့ အပြင် ဘာစီလိုနာ၊ အက်သလက်တီကို မက်ဒရစ်၊ ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့ကပါ စိတ်ဝင်စားလာတာကြောင့် ဂန်းနားတို့ အခက်တွေ့ဖွယ် ရှိနေပါတယ်။

ဘာစီလိုနာ ကြယ်ပွင့် ဖရန်ကီ ဒီဂျောင် က မန်ချက်စတာ ယူနိုက်တက် ထက် မန်စီးတီး ကို ရွေးချယ်လိုနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီဂျောင် မန်စီးတီး ပြောင်းဖို့ ဆိုရင် လစာ လျှော့ယူရမယ့် အပြင် ဘာစီလိုနာ ဘက်က စတားလင်း ဒါမှမဟုတ် ဘာနာဒိုဆေးဗားကို ပြောင်းရွှေ့ကြေးထဲ ထည့်ဖို့ တောင်းဆိုဖွယ် ရှိပါတယ်။

မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးဗားကို ခေါ်ယူဖို့ ဘာစီလိုနာက စိတ်ဝင်စားနေပါတယ်။ ၄င်းတို့ဟာ ဒီဂျောင် နေရာ အစားထိုးဖို့ ဆေးဗားကို စိတ်ဝင်စားပေမယ့် ပက်ကတော့ ပေါ်တူဂီသားကို လုံးဝ ရောင်းထုတ်မှာ မဟုတ်ပါဘူး။