ဂွာဒီယိုလာ ပထမဆုံးခေါ်ခဲ့တဲ့ မန်စီးတီး အသင်းသား ဒီနွေမှာ အီတီဟက်ကို ကျောခိုင်းသွားဖွယ် ရှိနေ
ဝါရင့်ကွင်းလယ် ကစားသမား ဂမ်ဒိုဂန်ကတော့ ဒီ လာမယ့်နွေရာသီမှာ မန်စီးတီး အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ဂွာဒီယိုလာ စီးတီးအတွက် ပထမဆုံး ခေါ်ယူခဲ့တဲ့ကစားသမားဖြစ်တဲ့ ဂမ်ဒိုဂန်ဟာ အသင်းမှာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တာဖြစ်ပြီး အသင်းကနေ ထွက်ခွာလို့ရနေပြီလည်းဖြစ်ပါတယ်။
ဂန်ဒိုဂမ်ဟာ ယခုနှစ်ရာသီမှာ ပွဲပေါင်းများစွာ ကစားထားရတဲ့ ကစားသမားဖြစ်ပြီး ကွင်းလယ်နေရာနဲ့အတူ ပရီမီးယား ၃၇ ပွဲမှာ ပွဲ ၂၀ ကစားထားရတာဖြစ်ပါတယ်။ ဂန်ဒိုဂမ်ဟာ ပွဲစဉ်တိုင်းမှာ ကစားချင်တဲ့ ကစားသမားဖြစ်ပြီး မန်စီးတီးကတော့ ထိုသို့ အာမခံချက်မျိုး မပေးနိုင်တာဖြစ်ပါတယ်။
အသင်းကတော့ နွေရာသီမှာ ဂန်ဒိုဂမ်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ဆိုပေမဲ့ ကစားသမားရဲ့ အခြေအနေအရ ဖြစ်နိုင်ခြေအလွန်နည်းပါးနေတာပဲဖြစ်ပါတယ်။ ဂမ်ဒိုဂန်ဟာ သူ့ရဲ့ကျန်ရှိတဲ့ စာချုပ်သက်တမ်း ၁၂ လအတွင်းမှာ အခြားအခွင့်အရေးကို ရှာနိုင်ခြေရှိနေပါတယ်။
၂၀၁၆ ခုနှစ်က ပေါင် ၂၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်တဲ့ ဂန်ဒိုဂမ်ကို ပြီးခဲ့တဲ့ ရက်ကပဲ မန်ချက်စတာလေဆိပ်ရဲ့ ပုဂ္ဂလိကဂျက်လေယာဉ်တစ်စင်းပေါ်မှာ မြင်တွေ့ခဲ့ရပြီး အပြောင်းအရွှေ့ ကိစ္စ လှုပ်ရှားနေတယ်လို့ ယူဆနေကြတာပဲဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ်ကစားသမား ဂန်ဒိုဂမ် ကို ဒေါ့မွန်မှာရှိစဉ်ကတော့ ရီးရဲလ်မက်ဒရစ် က ခေါ်ယူဖို့ ကြိုးစား ခဲ့ပါသေးတယ်။ ဒီနွေမှာတော့ ဂန်ဒိုဂမ် ဘယ်ကိုသွားဖို့ရည်ရွယ်လဲကိုတော့ မသိရသေးပါဘူး။
ဂမ်ဒိုဂန်ဟာ မြို့လယ်ခေါင်မှာနေတဲ့ ဂွာဒီယိုလာနဲ့ အိမ်နားနီးချင်းနေတာဖြစ်ပြီး ဘောလုံးကွင်းပြင်ပမှာလည်း နည်းပြကြီးနဲ့ အချိန်ကုန် ဆုံးတတ်လေ့ရှိပြီး အသင်းမှာရှိလာတာ ၆ နှစ်ရှိသွားပြီလည်းဖြစ်ပါတယ်။
သူဟာ အသင်းမှာအရေးပါတဲ့သူဖြစ်ပြီး ဒုတိယ အသင်းခေါင်းဆောင် ၅ ယောက်အနက် တစ်ယောက်ဖြစ်ပါတယ်။ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာတော့ ချန်ပီယံလိဂ်မှာ ရီးရဲလ်ကို ရှုံးနိမ့်ခဲ့ရတာကို အလွန်ကြေကွဲနေကြောင်း ဆိုထားခဲ့ပါတယ်။
မန်စီးတီးသာ ပရီးမီးယားလိဂ်ဆုဖလားရပြီး ဂန်ဒိုဂမ်အသင်းကနေ ထွက်ရခဲ့မယ်ဆိုရင် ဂန်ဒိုဂမ်ဟာ ပရီးမီးယားလိဂ်မှာ အအောင်မြင်ဆုံး ဂျာမန်ကစားသမားဖြစ်လာမှာဖြစ်ပြီး ဖလားလေးလုံးကို ရရှိထားသူဖြစ်သွားမှာ ဖြစ်ပါတယ်။