မက်ဆီနဲ့ ရော်နယ်ဒိုထဲ ဘယ်သူနဲ့ ပိုတွဲကစားချင်လဲ ဆိုတာ အားလုံးလက်ခံနိုင်အောင် ဖြေသွားတဲ့ ဒီဘရိုင်း

မန်စီးတီးအသင်းရဲ့ ကွင်းလယ် ကစားသမား ကီဗင် ဒီဘရိုင်းကတော့ သမိုင်းတလျောက် အကောင်းဆုံးး ကစားသမား GOAT ၂ဦး ဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့အနက် ဘယ်သူနဲ့ ပိုပြီး တွဲဖက် ကစားလိုသလဲ ဆိုတာကို ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ဆယ်စုနှစ် ၂ စု နည်းပါးအကြာ အကောင်းဆုံး ကစားသမားတွေအဖြစ် ရပ်တည် ထားနိုင် ခဲ့သလို လက်ရှိအချိန်အထိလည်း စွမ်းဆောင်ရည်ကောင်းကို ပြသထားနိုင်ခဲ့ပါသေးတယ်။

မက်ဆီနဲ့ ရိုနယ်ဒိုတို့ နှစ်ဦးစလုံးဟာ သူမတူအောင် ထူးချွန်ကြတဲ့ ဘောလုံးသမားတွေ ဖြစ်ကြပြီး မက်ဆီက ပင်ကိုယ် ပါရမီအပိုင်းမှာ ရိုနယ်ဒိုထက် ပိုကောင်းသလို ရိုနယ်ဒိုရဲ့ ကြိုးစား အားထုတ်မှုကလည်း မက်ဆီထက် ပိုသာပါတယ်။

သူတို့ နှစ်ဦးအနက် ဂိုး သွင်းစွမ်းရည်မှာ ဆိုရင် ရော်နယ်ဒိုက သာလွန်တယ်လို့ ဆိုလို့ရပြီး ဖန်တီးမှု ပိုင်းမှာ ဆိုရင်တော့ မက်ဆီက ပိုပြီးေးကာင်းမွန်တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီဘရိုင်းက သူကိုယ်တိုင်ကလည်း ဖန်တီးမှုကို အသေားပေးကစားတတ်တဲ့ ကစားသမားဖြစ်တာကြောင့် ဖန်တီးမှု ကောင်းမွန်တဲ့ မက်ဆီထက် ဂိုးသွင်းတာ ပိုပြီးကောင်းမွန်တဲ့ ရော်နယ်ဒိုနဲ့ ပိုပြီး တွဲဖက်ကစားလိုတယ်လို့ ဆိုသွားခဲ့ပါတယ်။

ခရစ်တီယာနိုရော်နယ်ဒိုနဲ့ လီယိုမက်ဆီတို့နှစ်ဦးမှာ ဘယ်ကစားသမားနဲ့အတူ တွဲကစားချင်ပါသလဲ သတင်းထောက် က မေးမြန်းရမှာ ကီဗင်ဒီဘရိုင်းက –

” ကျွန်တော် ခရစ်စတီယာနို ရော်နယ်ဒိုလို့ပဲ ဖြေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ရော်နယ်ဒိုက တိုက်စစ်မှုး တစ်ယောက်ပါ။ မက်ဆီက အခုချိန်မှာ ဂိုးဖန်တီးရှင် တစ်ယောက်အနေနဲ့ ကစားနေတာပါ။ အဲ့တော့ ကျွန်တော်ကလည်း ဂိုးဖန်တီးရှင် တစ်ယောက်ဆိုတော့ တိုက်စစ်မှုးကိုပဲ ရွေးချယ်ချင်ပါတယ် ” ဟု ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

Zawgyi

မန္စီးတီးအသင္းရဲ႕ ကြင္းလယ္ ကစားသမား ကီဗင္ ဒီဘ႐ိုင္းကေတာ့ သမိုင္းတေလ်ာက္ အေကာင္းဆုံးး ကစားသမား GOAT ၂ဦး ျဖစ္တဲ့ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔အနက္ ဘယ္သူနဲ႔ ပိုၿပီး တြဲဖက္ ကစားလိုသလဲ ဆိုတာကို ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။

မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ဟာ ဆယ္စုႏွစ္ ၂ စု နည္းပါးအၾကာ အေကာင္းဆုံး ကစားသမားေတြအျဖစ္ ရပ္တည္ ထားႏိုင္ ခဲ့သလို လက္ရွိအခ်ိန္အထိလည္း စြမ္းေဆာင္ရည္ေကာင္းကို ျပသထားႏိုင္ခဲ့ပါေသးတယ္။

မက္ဆီနဲ႔ ႐ိုနယ္ဒိုတို႔ ႏွစ္ဦးစလုံးဟာ သူမတူေအာင္ ထူးခြၽန္ၾကတဲ့ ေဘာလုံးသမားေတြ ျဖစ္ၾကၿပီး မက္ဆီက ပင္ကိုယ္ ပါရမီအပိုင္းမွာ ႐ိုနယ္ဒိုထက္ ပိုေကာင္းသလို ႐ိုနယ္ဒိုရဲ႕ ႀကိဳးစား အားထုတ္မႈကလည္း မက္ဆီထက္ ပိုသာပါတယ္။

သူတို႔ ႏွစ္ဦးအနက္ ဂိုး သြင္းစြမ္းရည္မွာ ဆိုရင္ ေရာ္နယ္ဒိုက သာလြန္တယ္လို႔ ဆိုလို႔ရၿပီး ဖန္တီးမႈ ပိုင္းမွာ ဆိုရင္ေတာ့ မက္ဆီက ပိုၿပီးေးကာင္းမြန္တယ္လို႔ သုံးသပ္ရမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီဘ႐ိုင္းက သူကိုယ္တိုင္ကလည္း ဖန္တီးမႈကို အေသားေပးကစားတတ္တဲ့ ကစားသမားျဖစ္တာေၾကာင့္ ဖန္တီးမႈ ေကာင္းမြန္တဲ့ မက္ဆီထက္ ဂိုးသြင္းတာ ပိုၿပီးေကာင္းမြန္တဲ့ ေရာ္နယ္ဒိုနဲ႔ ပိုၿပီး တြဲဖက္ကစားလိုတယ္လို႔ ဆိုသြားခဲ့ပါတယ္။

ခရစ္တီယာႏိုေရာ္နယ္ဒိုနဲ႔ လီယိုမက္ဆီတို႔ႏွစ္ဦးမွာ ဘယ္ကစားသမားနဲ႔အတူ တြဲကစားခ်င္ပါသလဲ သတင္းေထာက္ က ေမးျမန္းရမွာ ကီဗင္ဒီဘ႐ိုင္းက –

” ကြၽန္ေတာ္ ခရစ္စတီယာႏို ေရာ္နယ္ဒိုလို႔ပဲ ေျဖခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ေရာ္နယ္ဒိုက တိုက္စစ္မႈး တစ္ေယာက္ပါ။ မက္ဆီက အခုခ်ိန္မွာ ဂိုးဖန္တီးရွင္ တစ္ေယာက္အေနနဲ႔ ကစားေနတာပါ။ အဲ့ေတာ့ ကြၽန္ေတာ္ကလည္း ဂိုးဖန္တီးရွင္ တစ္ေယာက္ဆိုေတာ့ တိုက္စစ္မႈးကိုပဲ ေ႐ြးခ်ယ္ခ်င္ပါတယ္ ” ဟု ဆိုသြားခဲ့တာ ျဖစ္ပါတယ္။