ဆရာကြီး ပေါမာဆန်ရဲ့ မန်စီးတီး – အက်စတွန်ဗီလာ ပွဲစဉ် အတွက် သုံးသပ်ခန့်မှန်းချက် ထွက်ပါပြီ

မန်စီးတီးဟာ ဖလား မြှောက်ရမယ့် ပရီးမီးယားလိဂ် ရာသီအပိတ်ပွဲမှာ အက်စတွန်ဗီလာ အသင်းကို အိမ်ကွင်း အီတီဟက် မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ မန်စီးတီးနဲ့ ဗီလာတို့ဟာ ဒီတနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၉ နာရီခွဲ မှာ ယှဉ်ပြိုင်ကြမှာပါ။

ဝါရင့် ဘောလုံးပွဲ သုံးသပ်သူတစ်ဦး ဖြစ်တဲ့ ပေါမာဆန်ကတော့ မန်စီးတီးနဲ့ အက်စတွန်ဗီလာ တို့ပွဲအတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

” ကျနော်ကတော့ အဖြေထွက်ပြီးသား သေချာနေတဲ့ လှပတဲ့ ပွဲတစ်ပွဲမှာ ပါဝင်ရတော့မယ်လို့ တွေးထင်ထားခဲ့တာ ကြာပါပြီ။ အက်စတွန်ဗီလာ က မန်ချက်စတာ စီးတီးကို အနိုင်ယူနိုင်စွမ်း ကို မရှိဘူးလို့ ကျနော် သေချာပေါက် ထင်ထားပါတယ်။

ဂွာဒီယိုလာနဲ့ သူ့ ကစားသမားတွေက ဒီ နောက်ဆုံးရက်ကျမှ တုန်လှုပ်နေစရာ မရှိပါဘူး။ သူတို့က ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်ခွင့် ရှိတယ်၊ ဒီအလုပ်ကို ပြီးမြောက်အောင် လုပ်နိုင်သင့်တယ်။

မန်ချက်စတာ စီးတီးက ဒီတလော သီတင်းပတ်တွေ အတွင်းမှာ ခံစစ်ကို ဟထားပြီး သူတို့ဘာသာ ဒုက္ခပေးသလို ဖြစ်နေခဲ့တာ ရှိနေပါတယ်။ ဗီလာမှာက ဝက်ကင်းစ်၊ ဒန်နီအင့်နဲ့ ကော်တင်ညို လို ကစားသမားတွေ ရှိနေပြီး သူတို့က အခွင့်ရတာနဲ့ အန္တရာယ် ပေးနိုင်တဲ့ ကစားသမားတွေပါ။

မန်စီးတီး အနေနဲ့ သူတို့ ပွဲကို သေချာ ဖန်တီးပြီး လက်စတာနဲ့ ၂၀၁၉ တုန်းက ပွဲလို ဗင်းဆင့် ကွန်ပနီ ဂိုးသွင်း ခဲ့သလိုမျိုး စိတ်ရှည်ရှည် လုပ်ရမှာပါ။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ခန့်မှန်းထားတဲ့ ပွဲရလဒ်ကတော့ မန်ချက်စတာ စီးတီး ၂-ဝ အက်စတွန်ဗီလာ ဖြစ်ပါတယ်။

Zawgyi

မန္စီးတီးဟာ ဖလား ေျမွာက္ရမယ့္ ပရီးမီးယားလိဂ္ ရာသီအပိတ္ပြဲမွာ အက္စတြန္ဗီလာ အသင္းကို အိမ္ကြင္း အီတီဟက္ မွာ ဧည့္ခံကစားရမွာ ျဖစ္ပါတယ္။ မန္စီးတီးနဲ႕ ဗီလာတို႔ဟာ ဒီတနဂၤေႏြေန႔ ျမန္မာစံေတာ္ခ်ိန္ ည ၉ နာရီခြဲ မွာ ယွဥ္ျပိဳင္ၾကမွာပါ။

ဝါရင့္ ေဘာလံုးပြဲ သံုးသပ္သူတစ္ဦး ျဖစ္တဲ့ ေပါမာဆန္ကေတာ့ မန္စီးတီးနဲ႕ အက္စတြန္ဗီလာ တို႔ပြဲအတြက္ အခုလို သံုးသပ္ ခန္႔မွန္းထားျပီ ျဖစ္ပါတယ္။

” က်ေနာ္ကေတာ့ အေျဖထြက္ၿပီးသား ေသခ်ာေနတဲ့ လွပတဲ့ ပြဲတစ္ပြဲမွာ ပါဝင္ရေတာ့မယ္လို႔ ေတြးထင္ထားခဲ့တာ ၾကာပါၿပီ။ အက္စတြန္ဗီလာ က မန္ခ်က္စတာ စီးတီးကို အႏိုင္ယူႏိုင္စြမ္း ကို မရွိဘူးလို႔ က်ေနာ္ ေသခ်ာေပါက္ ထင္ထားပါတယ္။

ဂြာဒီယိုလာနဲ႔ သူ႔ ကစားသမားေတြက ဒီ ေနာက္ဆုံးရက္က်မွ တုန္လႈပ္ေနစရာ မရွိပါဘူး။ သူတို႔က ကိုယ့္ၾကမၼာ ကိုယ္ ဖန္တီးႏိုင္ခြင့္ ရွိတယ္၊ ဒီအလုပ္ကို ၿပီးေျမာက္ေအာင္ လုပ္ႏိုင္သင့္တယ္။

မန္ခ်က္စတာ စီးတီးက ဒီတေလာ သီတင္းပတ္ေတြ အတြင္းမွာ ခံစစ္ကို ဟထားၿပီး သူတို႔ဘာသာ ဒုကၡေပးသလို ျဖစ္ေနခဲ့တာ ရွိေနပါတယ္။ ဗီလာမွာက ဝက္ကင္းစ္၊ ဒန္နီအင့္နဲ႔ ေကာ္တင္ညိဳ လို ကစားသမားေတြ ရွိေနၿပီး သူတို႔က အခြင့္ရတာနဲ႔ အႏၲရာယ္ ေပးႏိုင္တဲ့ ကစားသမားေတြပါ။

မန္စီးတီး အေနနဲ႔ သူတို႔ ပြဲကို ေသခ်ာ ဖန္တီးၿပီး လက္စတာနဲ႔ ၂၀၁၉ တုန္းက ပြဲလို ဗင္းဆင့္ ကြန္ပနီ ဂိုးသြင္း ခဲ့သလိုမ်ိဳး စိတ္ရွည္ရွည္ လုပ္ရမွာပါ။ ” လို႔ မာဆန္က သံုးသပ္ထားပါတယ္။

ေပါမာဆန္ ခန္႔မွန္းထားတဲ့ ပြဲရလဒ္ကေတာ့ မန္ခ်က္စတာ စီးတီး ၂-ဝ အက္စတြန္ဗီလာ ျဖစ္ပါတယ္။