ဘီဘီစီ လော်ရိုးရဲ့ မန်စီးတီး Vs အက်စ်တွန်ဗီလာ ပွဲစဉ် အတွက် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ် ထွက်ပါပြီ
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ လော်ရိုး ကတော့ မန်စီးတီးရဲ့ ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲ ဖြစ်တဲ့ အက်စ်တွန်ဗီလာနဲ့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
လော်ရိုးဟာ ဒီရာသီကုန်ရင် ခန့်မှန်းမှုတွေ ပြုလုပ်တော့မှာ မဟုတ်ဘဲ အနားယူပြီ ဖြစ်တာကြောင့် ဒီအပတ်က လော်ရိုးရဲ့ နောက်ဆုံး နှုတ်ဆက် ခန့်မှန်းပွဲလည်း ဖြစ်ပါတယ်။
” မန်စီးတီးနဲ့ လီဗာပူး အသင်းတို့ ဟာ ပွဲတွေမှာ ဦးဆောင်ထားနိုင်ချိန်တင်မက နောက်က လိုက်ကစားရချိန်မှာပါ ဘယ်လောက် ကောင်းတယ် ဆိုတာ လွန်ခဲ့တဲ့အပတ်တွေအတွင်း ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။
စီးတီးဟာ အောက်တိုဘာ နောက်ပိုင်း ပရီးမီးယားလိဂ် တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပြီး လီဗာပူးလဲ အလားတူဖြစ်လို့ နှစ်သင်းလုံးက ကျန် ၁၈ သင်းထက် အများကြီး ပိုသာနေပါတယ်။
ဒါကြောင့် စီးတီး ဒါမှမဟုတ် လီဗာပူးဟာ တနင်္ဂနွေနေ့ ပွဲတွေမှာ ပထမပိုင်းအတွင်း တစ်ဂိုးပေးထားရမယ်ဆိုရင်တောင် ဒုတိယ ပိုင်းမှာ သူတို့တွေ ပြန်လာပြီး အနိုင်ရလဒ် ရယူနိုင်တယ် ဆိုတာ သိကြပါတယ်။
အဲ့ဒီလိုလဲ ဖြစ်မယ် မထင်ပါဘူး။ ဒီ စီးတီးအသင်းက ဘယ်လောက် ကောင်းတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့တွေ ဝက်စ်ဟမ်းနဲ့ပွဲတုန်းကလို နောက်ထပ် ခြေချော်မှာမဟုတ်ပဲ ဖလားယူသွားလိမ့်မယ်လို့ပဲ ယုံကြည်တယ်။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။
လော်ရိုး ခန့်မှန်းထားတဲ့ ပွဲ ရလဒ် ကတော့ မန်ချက်စတာ စီးတီး ၃-ဝ အက်စတွန် ဗီလာ ဖြစ်ပါတယ်။ ဒီပွဲက မနက်ဖြန် တနင်္ဂနွေနေ့ ည ၉နာရီခွဲမှာ ယှဉ်ပြိုင် ကြမှာပါ။
Zawgyi
ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သံုးသပ္သူ ျဖစ္တဲ့ ေလာ္ရိုး ကေတာ့ မန္စီးတီးရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္ ေနာက္ဆံုး ပြဲ ျဖစ္တဲ့ အက္စ္တြန္ဗီလာနဲ႕ ပြဲစဥ္ အတြက္ အခုလို သံုးသပ္ ခန္႔မွန္းထားျပီ ျဖစ္ပါတယ္။
ေလာ္ရိုးဟာ ဒီရာသီကုန္ရင္ ခန္႔မွန္းမႈေတြ ျပဳလုပ္ေတာ့မွာ မဟုတ္ဘဲ အနားယူျပီ ျဖစ္တာေၾကာင့္ ဒီအပတ္က ေလာ္ရိုးရဲ႕ ေနာက္ဆံုး ႏႈတ္ဆက္ ခန္႔မွန္းပြဲလည္း ျဖစ္ပါတယ္။
” မန္စီးတီးနဲ႔ လီဗာပူး အသင္းတို႔ ဟာ ပြဲေတြမွာ ဦးေဆာင္ထားႏိုင္ခ်ိန္တင္မက ေနာက္က လိုက္ကစားရခ်ိန္မွာပါ ဘယ္ေလာက္ ေကာင္းတယ္ ဆိုတာ လြန္ခဲ့တဲ့အပတ္ေတြအတြင္း ကြၽန္ေတာ္တို႔ ျမင္ေတြ႕ခဲ့ရပါတယ္။
စီးတီးဟာ ေအာက္တိုဘာ ေနာက္ပိုင္း ပရီးမီးယားလိဂ္ တစ္ပြဲသာ ရႈံးနိမ့္ခဲ့ၿပီး လီဗာပူးလဲ အလားတူျဖစ္လို႔ ႏွစ္သင္းလုံးက က်န္ ၁၈ သင္းထက္ အမ်ားႀကီး ပိုသာေနပါတယ္။
ဒါေၾကာင့္ စီးတီး ဒါမွမဟုတ္ လီဗာပူးဟာ တနဂၤေႏြေန႔ ပြဲေတြမွာ ပထမပိုင္းအတြင္း တစ္ဂိုးေပးထားရမယ္ဆိုရင္ေတာင္ ဒုတိယ ပိုင္းမွာ သူတို႔ေတြ ျပန္လာၿပီး အႏိုင္ရလဒ္ ရယူႏိုင္တယ္ ဆိုတာ သိၾကပါတယ္။
အဲ့ဒီလိုလဲ ျဖစ္မယ္ မထင္ပါဘူး။ ဒီ စီးတီးအသင္းက ဘယ္ေလာက္ ေကာင္းတယ္ဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္။ သူတို႔ေတြ ဝက္စ္ဟမ္းနဲ႔ပြဲတုန္းကလို ေနာက္ထပ္ ေျခေခ်ာ္မွာမဟုတ္ပဲ ဖလားယူသြားလိမ့္မယ္လို႔ပဲ ယုံၾကည္တယ္။ ” လို႔ ေလာ္ရိုးက သံုးသပ္ထားပါတယ္။
ေလာ္ရိုး ခန္႔မွန္းထားတဲ့ ပြဲ ရလဒ္ ကေတာ့ မန္ခ်က္စတာ စီးတီး ၃-ဝ အက္စတြန္ ဗီလာ ျဖစ္ပါတယ္။ ဒီပြဲက မနက္ျဖန္ တနဂၤေႏြေန႔ ည ၉နာရီခြဲမွာ ယွဥ္ျပိဳင္ ၾကမွာပါ။