ပရီးမီးယားလိဂ် ဖလား အဆုံးအဖြတ်ပွဲမှာ မန်စီးတီး ဖိအားတွေ မဝင်အောင် ပါးပါးနပ်နပ် ပြောဆိုသွားတဲ့ ပက်
မန်စီးတီး နည်းပြ ပက်ဂွါဒီယိုလာက ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နောက်ဆုံးအချိန်အထိ တိုက်ပွဲ ဝင်နေရမှု အပေါ် အကောင်းဆုံးနည်းလမ်းနှင့်သာ တုံ့ပြန်သွားဖို့ရှိပြီး အရှုံးပေးဖို့မလိုအပ်ကြောင်း ဆိုလိုက်ပါတယ်။
“ကျွန်တော်တို့ နောက်တစ်ကြိမ်ပြောဖြစ်ပြန်ပါပြီ။ ကျွန်တော်တို့ သက်တောင့် သက်သာမရှိတဲ့ အခြေအနေတစ်ခုမှာ ရှိကောင်း ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာလုပ်နိုင်လဲ။ အကောင်းမြင်မှုနဲ့အတူ ဖြစ်နိုင်သမျှ အကောင်းဆုံး နည်းလမ်းနဲ့ တုံ့ပြန်သွားဖို့ပါပဲ။ အရှုံးပေးဖို့လည်း အကြောင်းမရှိဘူး” ဟု ပက်က ဆိုခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးနဲ့ လီဗာပူးတို့ဟာ ပြိုင်ပွဲ နောက်ဆုံးနေ့အထိ အဆုံးအဖြတ်ခံယူရန် ဖြစ်လာခဲ့ပါတယ်။
“ကျွန်တော်တို့ အနိုင်ရခဲ့ရင်တော့ ကျွန်တော်တို့ ပျော်ရွှင်ရမှာပေါ့။ ဒါပေမယ့် ကျွန်တော့်ရဲ့ အကြံအစည်ကတော့ ပျော်ရွှင်စွာ ကစားရတဲ့ ဘောလုံး အားကစား ဖြစ်ဖို့ပါပဲ။ ဒါက ဆုဖလားတွေဆွတ်ခူးတာထက် ပိုပြီး အရေးကြီးပါတယ်။
မင်းအနေနဲ့ နှစ်ရက် သို့မဟုတ် သုံးရက်လောက်တော့ ခံစားရမှာပဲ။ ဒါပဲမလား။ ဒါတွေအတွက် ကြိုးစားအားထုတ်မှုလား။ ကိုယ်ရေးမှတ်တမ်းမှာ ဒီလိုမျိုးရှိနေတာ ကောင်းပေမယ့် ဒီထက်တော့ မပိုပါဘူး။
ဒီအောင်မြင်မှုက ခမ်းနားပါတယ်။ ပြီးရင်တော့ နောက်တစ်နှစ်လောက် ချန်ပီယံဆုကို ကာကွယ်ဖို့ ကြိုးစားရပါမယ်။ တစ်ယောက်ယောက်လောက်ကတော့ ကျွန်တော်တို့ကို ချန်ပီယံအဖြစ်က ဖယ်ရှားဖို့ ရှိပါလိမ့်မယ်” ဟု ပက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းကတော့ သူတို့ပွဲ အနိုင် ကစားရမယ့် အပြင် မန်စီးတီး ပွဲမှာ သူတို့ ကစားသမားဟောင်း စတီဗင် ဂျရတ် နည်းပြနေတဲ့ အက်စတွန်ဗီလာက စွမ်းဆောင်နိုင်မှုရှိ၊ မရှိ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
Zawgyi
မန္စီးတီး နည္းျပ ပက္ဂြါဒီယိုလာက ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ေနာက္ဆုံးအခ်ိန္အထိ တိုက္ပြဲ ဝင္ေနရမႈ အေပၚ အေကာင္းဆုံးနည္းလမ္းႏွင့္သာ တုံ႔ျပန္သြားဖို႔ရွိၿပီး အရႈံးေပးဖို႔မလိုအပ္ေၾကာင္း ဆိုလိုက္ပါတယ္။
“ကြၽန္ေတာ္တို႔ ေနာက္တစ္ႀကိမ္ေျပာျဖစ္ျပန္ပါၿပီ။ ကြၽန္ေတာ္တို႔ သက္ေတာင့္ သက္သာမရွိတဲ့ အေျခအေနတစ္ခုမွာ ရွိေကာင္း ရွိေနႏိုင္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဘာလုပ္ႏိုင္လဲ။ အေကာင္းျမင္မႈနဲ႔အတူ ျဖစ္ႏိုင္သမွ် အေကာင္းဆုံး နည္းလမ္းနဲ႔ တုံ႔ျပန္သြားဖို႔ပါပဲ။ အရႈံးေပးဖို႔လည္း အေၾကာင္းမရွိဘူး” ဟု ပက္က ဆိုခဲ့ပါတယ္။
ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ မန္စီးတီးနဲ႕ လီဗာပူးတို႔ဟာ ၿပိဳင္ပြဲ ေနာက္ဆုံးေန႔အထိ အဆုံးအျဖတ္ခံယူရန္ ျဖစ္လာခဲ့ပါတယ္။
“ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့ရင္ေတာ့ ကြၽန္ေတာ္တို႔ ေပ်ာ္႐ႊင္ရမွာေပါ့။ ဒါေပမယ့္ ကြၽန္ေတာ့္ရဲ႕ အႀကံအစည္ကေတာ့ ေပ်ာ္႐ႊင္စြာ ကစားရတဲ့ ေဘာလုံး အားကစား ျဖစ္ဖို႔ပါပဲ။ ဒါက ဆုဖလားေတြဆြတ္ခူးတာထက္ ပိုၿပီး အေရးႀကီးပါတယ္။
မင္းအေနနဲ႔ ႏွစ္ရက္ သို႔မဟုတ္ သုံးရက္ေလာက္ေတာ့ ခံစားရမွာပဲ။ ဒါပဲမလား။ ဒါေတြအတြက္ ႀကိဳးစားအားထုတ္မႈလား။ ကိုယ္ေရးမွတ္တမ္းမွာ ဒီလိုမ်ိဳးရွိေနတာ ေကာင္းေပမယ့္ ဒီထက္ေတာ့ မပိုပါဘူး။
ဒီေအာင္ျမင္မႈက ခမ္းနားပါတယ္။ ၿပီးရင္ေတာ့ ေနာက္တစ္ႏွစ္ေလာက္ ခ်န္ပီယံဆုကို ကာကြယ္ဖို႔ ႀကိဳးစားရပါမယ္။ တစ္ေယာက္ေယာက္ေလာက္ကေတာ့ ကြၽန္ေတာ္တို႔ကို ခ်န္ပီယံအျဖစ္က ဖယ္ရွားဖို႔ ရွိပါလိမ့္မယ္” ဟု ပက္က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။
လီဗာပူးအသင္းကေတာ့ သူတို႔ပြဲ အနိုင္ ကစားရမယ့္ အျပင္ မန္စီးတီး ပြဲမွာ သူတို႔ ကစားသမားေဟာင္း စတီဗင္ ဂ်ရတ္ နည္းျပေနတဲ့ အက္စတြန္ဗီလာက စြမ္းေဆာင္ႏိုင္မႈရွိ၊ မရွိ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။