စီးတီးက ဒီပွဲမှ အလွဲမခံပါဘူး ဆိုတဲ့ မိုက်ကယ်အိုဝင်ရဲ့ မန်စီးတီး – အက်စတွန် ဗီလာပွဲ သုံးသပ် ခန့်မှန်းချက်
မန်ချက်စတာ စီးတီးဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲ ပွဲစဉ် ၃၈ မှာ အက်စတွန်ဗီလာကို ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ မနက်ဖြန် တနင်္ဂနွေနေ နေ့ ည ၉နာရီခွဲမှာ မန်စီးတီးတို့ရဲ့ အီတီဟက် ကွင်းကြီးမှာ ယှဉ်ပြိုင် သွားကြမှာပါ။
နာမည်ကျော် ပရီးမီးယားလိဂ် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က မန်စီးတီးနဲ့ အက်စတွန်ဗီလာတို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
အိုဝင်က ” မန်စီးတီးက ပြီးခဲ့တဲ့ အပတ်မှာတည်းက ဝက်စ်ဟမ်းကို အနိုင်ယူပြီး ပရီးမီးယားလိဂ် ဖလားကို ရယူ အဆုံးသတ်နိုင်ခဲ့ရမှာပါ။ ဒါပေမယ့် သူတို့ မာရက်ဇ် ပင်နယ်တီ လွဲခဲ့တာ အတွက် နောင်တရနေမှာ မဟုတ်ဘူး။
စီးတီးက အိမ်ကွင်းမှာဆို သိပ်ကို တောင့်တင်းတဲ့ အသင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဘရိုင်းနဲ့ ဘာနာဒို ဆေးလ်ဗား တို့ကလည်း ဒီလောက် ပုံစံကောင်းရ ခြေတွေ့နေတာ ဆိုတော့ ဒီ နောက်ဆုံး ပွဲကို မန်စီးတီးတို့ မနိုင်စရာ မရှိပါဘူး။
ဗီလာက တိုက်စစ်မှာ ကွာလတီတွေ အများကြီး ရှိပါတယ်။ ဒီတော့ ဒီပွဲမှာ စီးတီးကို ပြဿနာ အချို့တော့ ပေးနိုင်ပါ လိမ့်မယ်။ သူတို့ ခံစစ်တန်းကပဲ စိုးရိမ်ရမှာ ဖြစ်ပြီး စီးတီး ဂိုးတွေ သွင်းမှာ မြင်ယောင်နေတယ်။
ဒီပွဲမှာ မန်စီးတီး ခြေချော်ဖို့ မရှိပါဘူး။ သူတို့က အိမ်ကွင်းမှာ အမှတ်လျော့တာတောင် ရှားပါးလှတယ်။ ဒီပွဲမှာ မန်စီးတီးပဲ ဂိုးနည်းနည်း အသာနဲ့ နိုင်မယ် ထင်ပါတယ်။ ” လို့ သုံးသပ် ဟောကိန်း ထုတ်ထားပါတယ်။
မိုက်ကယ်အိုဝင် ရဲ့ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ စီးတီး ၃-၁ အက်စတွန် ဗီလာ ဖြစ်ပါတယ်။
Zawgyi