နောက်တစ်ခါတော့ ဒီလို နောက်ဆုံးပွဲ သည်းထိတ်ရင်ဖို ဖလားယူရတာမျိုး မလုပ်ချင်တော့ဘူး ဆိုတဲ့ ဘာနာဒို
မန်စီးတီးဟာ မနေ့ညက အက်စတွန်ဗီလာကို ရင်ထိတ်သည်းဖို အနိုင်ယူခဲ့ပြီးမှ ပရီးမီးယားလိဂ် ဆုဖလားကို ရယူ ခဲ့ရသလိုမျိုး ထပ်မံ မရယူလိုတော့ဘူးလို့ ဘာနာဒိုဆေးလ်ဗားက ဆိုပါတယ်။
မန်စီးတီးဟာ ပွဲချိန် ၁၄ မိနစ်သာ ကျန်တော့တဲ့အချိန်အထိ အက်စတွန်ဗီလာကို ၂-၀ နဲ့ဦးဆောင်ခွင့်ပေးထားခဲ့ရကာ လီဗာပူးတို့ ဝုဗ်ကိုအနိုင်ယူပြီး ဖလားကိုအနိုင်ရသွားမှာကို စောင့်နေခဲ့ရသလိုဖြစ်နေခဲ့ပေမဲ့ အံဖွယ် comeback နဲ့အတူ ဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတော့တယ်။
ပွဲပြီးချိန်မှာတော့ ကစားသမားတွေရော ဝန်ထမ်းတွေပါ မျက်ရည်အပြည့်နဲ့ဖြစ်နေခဲ့တာကြောင့် အီတီဟတ်ကွင်းကြီးမှာ ခံစားချက်တွေ ရောထွေးပြည့်နှက်နေခဲ့တာပဲဖြစ်ပါတယ်။
“အရမ်းကို ပျော်ပါတယ်။ နည်းနည်းလေး ပိုကောင်းသလိုဖြစ်သွားခဲ့ပေမဲ့ ဒီလိုမျိုးထပ်မဖြစ်ရတော့ရင် ကောင်းမယ်။ နည်းနည်းတော့ ယုံကြည်မှုတွေ ပျောက်သလိုဖြစ်ခဲ့ပေမဲ့ အလှည့်အပြောင်းတွေကို ယုံကြည်ရပါမယ်။ လီဗာပူးလို ကောင်းတဲ့ အသင်းမျိုးကို ကျော်ဖြတ်ပြီး ဆုဖလား အနိုင်ရတာ အရမ်းကောင်းပါတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်တွေတုန်းကလည်း ထိပ်သီး အသင်းတွေကို အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်း တစ်သင်းအဖြစ် နောက်တစ်နှစ်ထပ်ဖြစ်လာခဲ့ပြီဆိုတော့ နောက်တစ်နှစ်မှာ ပရိသတ်တွေကို ဒီထက်ပိုပြီး ပေးအပ်ချင်ပါတယ်” လို့ ဆေးလ်ဗားကဆိုခဲ့ပါတယ်။
Zawgyi
မန္စီးတီးဟာ မေန႔ညက အက္စတြန္ဗီလာကို ရင္ထိတ္သည္းဖို အနုိင္ယူခဲ့ျပီးမွ ပရီးမီးယားလိဂ္ ဆုဖလားကို ရယူ ခဲ့ရသလိုမ်ိဳး ထပ္မံ မရယူလိုေတာ့ဘူးလို႔ ဘာနာဒိုေဆးလ္ဗားက ဆိုပါတယ္။
မန္စီးတီးဟာ ပြဲခ်ိန္ ၁၄ မိနစ္သာ က်န္ေတာ့တဲ့အခ်ိန္အထိ အက္စတြန္ဗီလာကို ၂-၀ နဲ႔ဦးေဆာင္ခြင့္ေပးထားခဲ့ရကာ လီဗာပူးတို႔ ဝုဗ္ကိုအႏိုင္ယူၿပီး ဖလားကိုအႏိုင္ရသြားမွာကို ေစာင့္ေနခဲ့ရသလိုျဖစ္ေနခဲ့ေပမဲ့ အံဖြယ္ comeback နဲ႔အတူ ဖလားကို သိမ္းပိုက္ႏိုင္ခဲ့ပါေတာ့တယ္။
ပြဲၿပီးခ်ိန္မွာေတာ့ ကစားသမားေတြေရာ ဝန္ထမ္းေတြပါ မ်က္ရည္အျပည့္နဲ႔ျဖစ္ေနခဲ့တာေၾကာင့္ အီတီဟတ္ကြင္းႀကီးမွာ ခံစားခ်က္ေတြ ေရာေထြးျပည့္ႏွက္ေနခဲ့တာပဲျဖစ္ပါတယ္။
“အရမ္းကို ေပ်ာ္ပါတယ္။ နည္းနည္းေလး ပိုေကာင္းသလိုျဖစ္သြားခဲ့ေပမဲ့ ဒီလိုမ်ိဳးထပ္မျဖစ္ရေတာ့ရင္ ေကာင္းမယ္။ နည္းနည္းေတာ့ ယုံၾကည္မႈေတြ ေပ်ာက္သလိုျဖစ္ခဲ့ေပမဲ့ အလွည့္အေျပာင္းေတြကို ယုံၾကည္ရပါမယ္။ လီဗာပူးလို ေကာင္းတဲ့ အသင္းမ်ိဳးကို ေက်ာ္ျဖတ္ျပီး ဆုဖလား အႏိုင္ရတာ အရမ္းေကာင္းပါတယ္။
လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ေတြတုန္းကလည္း ထိပ္သီး အသင္းေတြကို အႏိုင္ရခဲ့ပါတယ္။ ဒါေပမဲ့ အဂၤလန္ရဲ႕ အေကာင္းဆုံး အသင္း တစ္သင္းအျဖစ္ ေနာက္တစ္ႏွစ္ထပ္ျဖစ္လာခဲ့ၿပီဆိုေတာ့ ေနာက္တစ္ႏွစ္မွာ ပရိသတ္ေတြကို ဒီထက္ပိုၿပီး ေပးအပ္ခ်င္ပါတယ္” လို႔ ေဆးလ္ဗားကဆိုခဲ့ပါတယ္။