မန်စီးတီး အသင်းသားတွေက ပရီးမီးယားလိဂ် ဂန္တဝင်တွေ ဖြစ်နေပြီ ဆိုတာ ဝန်ခံကြလို့ ဂွာဒီယိုလာ ပြောဆို
မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့အတူ အောင်ပွဲခံနိုင်ခဲ့ပြီးနောက် သူ့အသင်းက ကစားသမားတွေကို ဂန္တဝင်တွေအဖြစ် တင်စားချီးကျူးလိုက်ပါတယ်။ မန်စီးတီးဟာ နောက်ဆုံး (၅) နှစ်အတွင်း ပရီးမီးယားလိဂ်ဖလားကို (၄) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာပါ။
ဒီလိုမျိုး ဆွတ်ခူးနိုင်ဖို့တော့ မန်စီးတီးအတွက် မလွယ်ကူခဲ့ပါဘူး။ တစ်မှတ် အကွာကနေ ဖိအားပေးနေတဲ့ လီဗာပူးကို ဖြတ်ချဖို့ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲမှာ မန်စီးတီးတို့ ဗီလာကို နှစ်ဂိုးပြတ်အရှုံးကနေ လိုက်ကစားခဲ့ရတာပါ။
ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့တဲ့ ဂွန်ဒိုဂန်ရဲ့ ဂိုးသွင်းခြေစွမ်းပြမှုနဲ့အတူ ပွဲအပြီးမှာတော့ ၃-၂ ဂိုးနဲ့ ခဲရာခဲဆစ် အနိုင်ယူပြီး ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာက ကစားသမားတွေကို အခုလိုပဲ ချီးကျူးခဲ့ပါတယ်။
ဂွါဒီယိုလာက “ ကျနော်တို့ မန်ချက်စတာမြို့က လမ်းမတွေပေါ်မှာ ဆေးလိပ်တွေ၊ ဘီယာတွေနဲ့ အောင်ပွဲမှာပါ။ ကျနော့် ကစားသမားတွေက အခုဆိုရင် ဂန္တဝင်တွေဖြစ်နှင့်ကြပါပြီ”
“ကျနော် ပြောရတာ စိတ်မကောင်းပေမယ့် လူတွေအနေနဲ့ ဒါကို ဝန်ခံဖို့ လိုအပ်ပါတယ်။ ဒီကစားသမားအစုအဖွဲ့နဲ့ အသင်းက တကယ်ကို ကောင်းမွန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့်ပါ”
“ဒါမျိုးတွေကို ဆွတ်ခူးနိုင်ဖို့ဆိုတာ အရမ်းကို ခက်ခဲလွန်းအားကြီးပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
Zawgyi
မန္စီးတီးနည္းျပ ဂြါဒီယိုလာဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုနဲ႔အတူ ေအာင္ပြဲခံႏိုင္ခဲ့ၿပီးေနာက္ သူ႔အသင္းက ကစားသမားေတြကို ဂႏၲဝင္ေတြအျဖစ္ တင္စားခ်ီးက်ဴးလိုက္ပါတယ္။ မန္စီးတီးဟာ ေနာက္ဆုံး (၅) ႏွစ္အတြင္း ပရီးမီးယားလိဂ္ဖလားကို (၄) ႀကိမ္ေျမာက္ ဆြတ္ခူးႏိုင္ခဲ့တာပါ။
ဒီလိုမ်ိဳး ဆြတ္ခူးႏိုင္ဖို႔ေတာ့ မန္စီးတီးအတြက္ မလြယ္ကူခဲ့ပါဘူး။ တစ္မွတ္ အကြာကေန ဖိအားေပးေနတဲ့ လီဗာပူးကို ျဖတ္ခ်ဖို႔ ပရီးမီးယားလိဂ္ရာသီပိတ္ပြဲမွာ မန္စီးတီးတို႔ ဗီလာကို ႏွစ္ဂိုးျပတ္အရႈံးကေန လိုက္ကစားခဲ့ရတာပါ။
ဒုတိယပိုင္းမွာ လူစားဝင္လာခဲ့တဲ့ ဂြန္ဒိုဂန္ရဲ႕ ဂိုးသြင္းေျခစြမ္းျပမႈနဲ႔အတူ ပြဲအၿပီးမွာေတာ့ ၃-၂ ဂိုးနဲ႔ ခဲရာခဲဆစ္ အႏိုင္ယူၿပီး ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။ ဂြါဒီယိုလာက ကစားသမားေတြကို အခုလိုပဲ ခ်ီးက်ဴးခဲ့ပါတယ္။
ဂြါဒီယိုလာက “ က်ေနာ္တို႔ မန္ခ်က္စတာၿမိဳ႕က လမ္းမေတြေပၚမွာ ေဆးလိပ္ေတြ၊ ဘီယာေတြနဲ႔ ေအာင္ပြဲမွာပါ။ က်ေနာ့္ ကစားသမားေတြက အခုဆိုရင္ ဂႏၲဝင္ေတြျဖစ္ႏွင့္ၾကပါၿပီ”
“က်ေနာ္ ေျပာရတာ စိတ္မေကာင္းေပမယ့္ လူေတြအေနနဲ႔ ဒါကို ဝန္ခံဖို႔ လိုအပ္ပါတယ္။ ဒီကစားသမားအစုအဖြဲ႕နဲ႔ အသင္းက တကယ္ကို ေကာင္းမြန္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တို႔ ရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြေၾကာင့္ပါ”
“ဒါမ်ိဳးေတြကို ဆြတ္ခူးႏိုင္ဖို႔ဆိုတာ အရမ္းကို ခက္ခဲလြန္းအားႀကီးပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။