မန်ယူ ရောက်ရောက်ချင်းပဲ ပက်နဲ့ ကလော့ပ် ခေတ်က ကုန်တော့မယ် ဝမ်နင်ပေးလိုက်တဲ့ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာတဲ့ အဲရစ်တန်ဟက် က ပရီးမီးယားလိဂ်မှာ မန်စီးတီး နဲ့ လီဗာပူးလ် တို့ရဲ့ ကြီးစိုးနေတဲ့ တစ်ခေတ်က အဆုံးသတ်တော့မယ်လို့ မန်ယူရောက်ရောက်ချင်း နေ့မှာပဲ သတိပေးစကား ပြောလိုက်ပါတယ်။

မန်စီးတီး အသင်းဟာ နောက်ဆုံး(၅)နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ဖလား ကို (၄)ကြိမ်ရရှိခဲ့ပြီး လီဗာပူးလ် အသင်းက ပြည်တွင်းဖလား ၂လုံးကို ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲလည်း တက်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းကတော့ ဆာအဲလက်စ်ဖာဂူဆန် ထွက်ခွာခဲ့တဲ့ ၂၀၁၃ ကတည်းက ပရီးမီးယားလိဂ် ဖလားကို မရယူနိုင်တော့သလို ဆုဖလားလက်မဲ့ဖြစ်ခဲ့တာ ၅ ရာသီကြာရှိသွားခဲ့တာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အေဂျတ်စ် အသင်းကို အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့ အဲရစ်တန်ဟက် ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီးသူကလည်း ဒီနေ့မှာ နည်းပြသစ်အဖြစ် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

အဲရစ်တန်ဟက် က “အခုအချိန်မှာ ဂွာဒီယိုလာရော ကလော့ပ်ကိုပါ ကျွန်တော်လေးစားပါတယ်။ လီဗာပူးလ်နဲ့ မန်စီးတီး ၂ သင်းလုံးဟာ တကယ်ကို ကောင်းမွန်စွာ ဘောလုံးကစားနိုင်ခဲ့ကြပါတယ်”

“ဒါပေမယ့် ဘယ်လောက်ပဲ လွှမ်းမိုးထားထား ခေတ် တစ်ခေတ် က တချိန်မှာ အဆုံးသတ်ရမြဲပါ။ ဒီအတွက် ကျွန်တော် သူတို့နဲ့ တိုက်ပွဲဝင်ချင်ပါတယ်။ ပရီးမီးယားလိဂ်မှာရှိတဲ့ တခြားကလပ်တွေကလည်း ဒါမျိုး လုပ်ချင်နေတယ် ဆိုတာ အသေအချာပါပဲ။ သူတို့ နှစ်ဦးရဲ့ကြီးစိုးနေမှုကို အဆုံးသတ်နိုင်မယ်လို့ ကျွန်တော် ထင်ကြောင်း” ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆိုးရွားတဲ့ ရလဒ်တွေနဲ့ ရာသီအဆုံးသတ်ခဲ့ပြီး လာမယ့်ရာသီ ယူရိုပါလိဂ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာ ယူႏိုက္တက္ နည္းျပသစ္ ျဖစ္လာတဲ့ အဲရစ္တန္ဟက္ က ပရီးမီးယားလိဂ္မွာ မန္စီးတီး နဲ႔ လီဗာပူးလ္ တို႔ရဲ႕ ၾကီးစိုးေနတဲ့ တစ္ေခတ္က အဆုံးသတ္ေတာ့မယ္လို႔ မန္ယူေရာက္ေရာက္ခ်င္း ေန႔မွာပဲ သတိေပးစကား ေျပာလိုက္ပါတယ္။

မန္စီးတီး အသင္းဟာ ေနာက္ဆုံး(၅)ႏွစ္အတြင္းမွာ ပရီးမီးယားလိဂ္ဖလား ကို (၄)ႀကိမ္ရရွိခဲ့ၿပီး လီဗာပူးလ္ အသင္းက ျပည္တြင္းဖလား ၂လုံးကို ရယူႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲလည္း တက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ အသင္းကေတာ့ ဆာအဲလက္စ္ဖာဂူဆန္ ထြက္ခြာခဲ့တဲ့ ၂၀၁၃ ကတည္းက ပရီးမီးယားလိဂ္ ဖလားကို မရယူႏိုင္ေတာ့သလို ဆုဖလားလက္မဲ့ျဖစ္ခဲ့တာ ၅ ရာသီၾကာရွိသြားခဲ့တာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ေအဂ်တ္စ္ အသင္းကို ေအာင္ျမင္မႈေတြ ရယူေပးႏိုင္ခဲ့တဲ့ အဲရစ္တန္ဟက္ ကို နည္းျပသစ္အျဖစ္ ခန႔္အပ္ခဲ့ၿပီးသူကလည္း ဒီေန႔မွာ နည္းျပသစ္အျဖစ္ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့တာပါ။

အဲရစ္တန္ဟက္ က “အခုအခ်ိန္မွာ ဂြာဒီယိုလာေရာ ကေလာ့ပ္ကိုပါ ကြၽန္ေတာ္ေလးစားပါတယ္။ လီဗာပူးလ္နဲ႔ မန္စီးတီး ၂ သင္းလုံးဟာ တကယ္ကို ေကာင္းမြန္စြာ ေဘာလုံးကစားႏိုင္ခဲ့ၾကပါတယ္”

“ဒါေပမယ့္ ဘယ္ေလာက္ပဲ လႊမ္းမိုးထားထား ေခတ္ တစ္ေခတ္ က တခ်ိန္မွာ အဆံုးသတ္ရျမဲပါ။ ဒီအတြက္ ကၽြန္ေတာ္ သူတို႔နဲ႔ တိုက္ပြဲဝင္ခ်င္ပါတယ္။ ပရီးမီးယားလိဂ္မွာရွိတဲ့ တျခားကလပ္ေတြကလည္း ဒါမ်ိဳး လုပ္ခ်င္ေနတယ္ ဆိုတာ အေသအခ်ာပါပဲ။ သူတို႔ ႏွစ္ဦးရဲ႕ႀကီးစိုးေနမႈကို အဆုံးသတ္ႏိုင္မယ္လို႔ ကြၽန္ေတာ္ ထင္ေၾကာင္း” ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ဆိုး႐ြားတဲ့ ရလဒ္ေတြနဲ႔ ရာသီအဆုံးသတ္ခဲ့ၿပီး လာမယ့္ရာသီ ယူ႐ိုပါလိဂ္ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။