ကယ်ဗင်ဖီးလစ်၊ ကူကူရယ်လာတို့ အပါအဝင် မန်စီးတီးရဲ့ အပြောင်းအရွှေ့ သတင်းများ စုစည်းမှု
နည်းပြ ဂွာဒီယိုလာဟာ ဂွမ်ဒိုဂန်ကို အသင်းမှာ ဆက်ထိန်းထားဖို့ ဆန္ဒရှိနေပေမယ့် ဖာနန်ဒင်ဟိုနေရာ အစားထိုးဖို့တော့ လိဒ်ယူနိုက်တက် ကွင်းလယ်လူ ကယ်ဗင် ဖီးလစ်ကို ခေါ်ယူလိုနေဆဲဖြစ်ပါတယ်။
မန်စီးတီးဟာ ဘယ်ခြမ်း အစွန်လူနေရာကို အားဖြည့်ဖို့ ဘရိုက်တန်အသင်းမှ ကူကူရယ်လာကို စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ပေးရမှာဖြစ်ပါတယ်။
မန်စီးတီးဟာ ဟာလန်းကို ခေါ်ယူထားခဲ့ပြီဖြစ်လို့ လူငယ်တိုက်စစ်သမား ဒီလပ်ကို ဆောက်သမ်တန်အသင်းထံ အငှားချသွားဖွယ် ရှိနေပါတယ်။
ဒီနွေမှာတော့ ကွင်းလယ်ပိုင်းနဲ့ အစွန်လူနေရာတွေကို အင်အားဖြည့်ဖို့ မန်စီးတီး တာဝန်ရှိသူတွေ ကြိုးစားနေပြီး ဝေါ်ကာရဲ့ ညာခြမ်းအတွက်ကော ဘယ်ခြမ်းအတွက်ပါ အင်အားဖြည့်ဖို့ လိုအပ်တယ်လို့ ယုံကြည်နေကြပါတယ်။
စပါးအသင်းဟာ မြောက်လန်ဒန်ကလပ် အာဆင်နယ်နဲ့အပြိုင် မန်စီးတီး တိုက်စစ်မှူး ဂျေးဆုကို ခေါ်ယူဖို့ ဝင်လာရောက်လာပါပြီ။ ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ စပါးတို့က တိုက်စစ်ပိုင်းကို ပိုမို အားထည့်လိုနေတာ ဖြစ်ပါတယ်။
မန်စီးတီး၊ ယူနိုက်တက်၊ ချယ်ဆီးအသင်းတို့ ခေါ်ယူလိုနေတဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်ဟာ လာမယ့်ရာသီ ဝက်ဟမ်းအသင်းမှာပဲ ဆက်နေသွားမှာ ဖြစ်ပါတယ်။
ဒီနွေ ခေါ်ယူမယ့် တိုက်စစ်မှုး ပစ်မှတ်တွေထဲက အမ်ဘတ်ပီရော ဟာလန်းကိုပါ မရလိုက်တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းဟာ မန်စီးတီး တိုက်စစ်မှုး ရာဟင်းစတားလင်းကို ပစ်မှတ်ထားလာပါတယ်။ ရီးရဲလ်က အင်္ဂလန်သား အတွက် ပေါင် သန်း ၅ဝ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
မန်စီးတီး ကွင်းလယ်ကစားသမား ဒီဘရိုင်းက မန်ချက်စတာ ကလပ်နဲ့ အတူ ၇ နှစ်ကြာ ကုန်ဆုံးခဲ့ပြီး လက်ရှိ စာချုပ်မှာလည်း ၃နှစ်တာ ကျန်သေးကာ စီးတီးမှာ အကြာကြီး ဆက်နေဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောဆိုသွားပါတယ်။