လာမယ့်ရာသီမှာ ဟာလန်း က ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆု ရမယ် ကြိုပြောလိုက်တဲ့ လီဗာပူး ကွင်းလယ်ဟောင်း
မန်ချက်စတာစီးတီး တိုက်စစ်မှူးသစ် အာလင်း ဟာလန်းဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုကို အနို င်ရရှိမယ့်သူဖြစ်တယ်လို့ ကြိုတင် ထင်ကြေးပေးတာ ခံရပြီ ဖြစ်ပါတယ်။
၂၀၂၁-၂၀၂၂ ရာသီအတွက် ရွှေဖိနပ်ဆုကို တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဆွန်ဟောင်မင်နဲ့ လီဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလားတို့က သွင်းဂိုး ၂၃ ဂိုးနဲ့ ပူးတွဲ ရရှိခဲ့တာဖြစ်ပါတယ်။
ဆာလားဟာ လက်ရှိအချိန်မှာ ရွှေဖိနပ်ဆုကို ၃ ကြိမ် ရရှိထားခဲ့ပြီဖြစ်ပေမယ့်လည်း လီဗာပူးလ် ကွင်းလယ် ကစားသမား ဟောင်း မက်မာနာမန်းကက လာမယ့်ရာသီမှာတော့ အီဂျစ်တိုက်စစ်မှူးအနေနဲ့ ရွှေဖိနပ်ဆုကို မရနိုင်တော့ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။
ဒေ့ါမွန်ကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ဘွန်ဒက်စ်လီဂါမှာရှိခဲ့တဲ့ ၂ နှစ်ခွဲအတွင်း အသင်းအတွက် ၈၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၈၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
နော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာ စီနီယာကစားသမားဘဝ ၁၈၃ ပွဲမှာ ၁၃၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၎င်းရဲ့ တစ်ပွဲ ပျမ်းမျှသွင်းဂိုးအချိုးဟာ မန်ချက်စတာစီးတီးမှာ ပိုလို့တောင် တိုးတက်လာလိမ့်မယ်လို့ မျှော်မှန်းခြင်း ခံနေရတာဖြစ်ပါတယ်။
မန်စီးတီးနဲ့ လီဗာပူးလ်ကွင်းလယ်ကြယ်ပွင့်ဟောင်း စတိဗ် မက်မာနာမန်းက ဟာလန်းအနေနဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ တိုက်စစ်အားကောင်းတဲ့အစုအဖွဲ့ဖြစ်ပေမယ့်လည်း ဆာလား၊ မာနေး၊ လူးဝစ္စ ဒီယက်စ်၊ ဖာမီနို၊ ဂျိုတာတို့အားလုံးဟာ လာမယ့်ရာသီမှာ သွင်းဂိုးတွေ မျှယူရမှာဖြစ်တာကြောင့် ဟာလန်းက ရွှေဖိနပ်ဆုရဖို့ အခွင့်အရေး ပိုသာနေတယ်လို့ မက်မာနာမန်းက ယုံကြည်နေတာဖြစ်ပါတယ်။
“သူသာ ကြံ့ခိုင်မှု ပြည့်ဝနေမယ်ဆိုရင် သူက အရမ်းကောင်းမွန်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ လီဗာပူးလ် တိုက်စစ်မှူးတွေက အခုအချိန်မှာ ပိုပြီး ဂိုးတွေ ခွဲဝေယူရတော့မယ်လို့ ကျွန်တော် ထင်တယ်။ သူတို့ထဲက တစ်ဦးကတော့ လာမယ့်နှစ်မှာ အသင်းပြောင်းရွှေ့နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗာျး တိုက်စစ်မှူး ၅ ဦးစလုံးကို ပျော်ရွှင်အောင် ထားလို့မရနိုင်တာကြောင့်ပါ”
“လီဗာပူးလ်အနေနဲ့ လာမယ့်နှစ်မှာ သူတို့ရဲ့ သွင်းဂိုးတွေက ပြန့်ကြဲနေလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဟာလန်းက သူတို့ အားလုံးထက် ဂိုးပိုသွင်းနိုင်မယ်လို့ ကျွန်တော် ထင်တယ်။ သူသာ လူကာကူးလို ရာသီမျိုး ရှိမယ် ဆိုရင် အဲဒါက ကြီးမားတဲ့ အံ့အားသင့်စရာဖြစ်လာမှာပါ။ မန်စီးတီး ကစားတဲ့ပုံစံနဲ့ဆိုရင် သူက ဂိုးသွင်းစက်ဖြစ်လာမယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။