မန်စီးတီးရောက် တပည့်ကျော် ဂရီးလစ်ချ် ပူစရာမလိုတော့တဲ့ ကိစ္စ အင်္ဂလန်နည်းပြ ဆောက်ဂိတ် ပြောဆို

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ဂွါဒီယိုလာ လက်အောက်မှာ ဂရီးလစ်ချ်တစ်ယောက် အထိုင် ကျခဲ့ပြီးနောက် မန်စီးတီးမှာ ပရီးမီးယားလိဂ်ဖလားရဖို့ စိုးရိမ်စရာမလိုဘူးလို့ ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် ဆောက်ဂိတ်က မန်စီးတီးအသင်းမှာ ၃ ဂိုးသွင်း ၊ ၃ ဂိုး ဖန်တီးနိုင်ခဲ့တဲ့ ဂျက် တစ်ယောက်အနေနဲ့ ယှဉ်ပြိုင်ရမယ့် ကစားသမားတွေများနေတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

“နွေရာသီ တစ်လျှောက်လုံး ကျွန်တော် သူ့ကို မရွေးချယ်ခဲ့တာက အကြောင်း ရှိပါတယ်။ ကစားသမားတွေက မတူညီဘဲ ပြောင်းလဲတတ်ပါတယ်။ အသင်းတစ်သင်းကိုသွားရင် ဆုဖလား ရပါ့မလားဆိုတာကို စိုးရိမ်တတ်လေ့ရှိပါတယ်။

အခုဆို ဂျက် တစ်ယောက် မန်စီးတီးမှာ နေရာအတွက် အားပြိုင်ရမှာက လွဲရင် ဆုဖလားက လုံးဝကြိမ်းသေပါပြီ”လို့ ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။

ဂရီးလစ်ချ်က စီးတီးရဲ့ဆုဖလားအောင်ပွဲခံမှုမှာ အသင်းဖော်တွေကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆောက်ဂိတ် က သူ့အနေနဲ့ ကွင်းအတွင်းမှာ ရင့်ကျက်တဲ့သူဖြစ်အောင် လုပ်ဆောင်ဖို့ အစပဲ ရှိသေးတယ် လို့ ပြောကြားခဲ့ပါတယ်။

“သူက နေရာအတွက် အများကြီးသင်ယူဖို့ လိုအပ်ပါတယ်။ နည်းစနစ်ပိုင်းကော ဘောလုံးမပါဘဲ ရွေ့လျားမှုကော တိုးတက်ဖို့ လိုအပ်နေပါတယ်။ ဗီလာမှာက သူ့အတွက် အဆင်ပြေခဲ့ပေမယ့် အခုတော့ မတူညီတဲ့ အသင်းမျိုးမှာ ရောက်နေပါပြီ။ သူ့အနေနဲ့ နေရာရဖို့အတွက် တိုက်ပွဲဝင်ရပါဦးမယ်။

ဒီနှစ်မှာ သူသွင်းဂိုး ၂၀ လောက်သွင်းယူနိုင်မှာမဟုတ်သလို သူက ထောက်ပံ့ရတာကို သဘောကျတာပါ။ သူက မတူညီတဲ့ ကစားသမားမျိုးပါ။ စတာလင်ဆိုရင် ရာသီတော်တော်များများ လုပ်ဆောင်ပြနိုင်ခဲ့ပေမယ့် ဂျက်တော့ လုပ်နိုင်မလား ဆိုတာ မသေချာဘူး။ သူက ဂိုးသွင်းတာထက် ဂိုးဖန်တီးမှု ပြုလုပ်ရတာကို ပိုပြီး နှစ်သက်တဲ့ လူစားမျိုးပါ”လို့ ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။