လာမယ့် ရာသီ မန်စီးတီးအတွက် ဟာလန်း ဘယ်နှဂိုးလောက် သွင်းမယ် မျှော်လင့်ထားလဲ ဒီဘရိုင်း ဖွင့်ဟ
ဒီ နွေရာသီ အပြောင်းအရွှေ့ကာလမှာ မန်စီးတီး ဆီ ပြောင်းရွှေ့ကြေး ပေါင် ၅၁သန်းနဲ့ ရောက်လာတဲ့ ဟာလန်းက မန်စီးတီးကို ကူညီမယ့် ထိပ်တန်းတိုက်စစ်မှူးလို့ ဒီဘရိုင်းက ထုတ်ပြောလာပါတယ်။
ဟာလန်းက အသင်းဟောင်း ဆဲလ်ဘတ်မှာဆိုရင် ၂၇ ပွဲမှာ ၂၉ ဂိုးသွင်းနိုင်ခဲ့သလို ဒေါ့မွန်မှာဆိုလည်း ၈၉ ပွဲမှာ ၈၆ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ သူရဲ့အသင်းဖော်ဖြစ်လာမယ့် ဒီဘရိုင်းကတော့ ဟာလန်းက ပရီးမီးယားလိဂ်မှာ အောင်မြင်မယ့် တိုက်စစ်မှူး တစ်ဦးလို့ ထောက်ခံပြောဆိုလိုက်ပါတယ်။
“ဟာလန်းက ထိပ်တန်း တိုက်စစ်မှူးတစ်ဦးပါ။ သူကိုခေါ်ယူနိုင်မှုက ကျွန်တော်တို့ အသင်းကို တိုးတက်လာစေဖို့ အများကြီး အကူအညီဖြစ်စေမှာပါ။ အာလုံးကလည်း အများကြီးမျှော်လင့်ထားပါတယ်။
ပရိသတ်တွေကတော့ တိုက်စစ်မှူးတွေကို အမြဲတမ်း စောင့်ကြည့်လေ့ရှိပါတယ်။ ဒါပေမယ့် တစ်ရာသီ ဂိုး ၂၀၊ ၂၅ ဂိုး လောက်သွင်းယူပေးနိုင်မယ့် တိုက်စစ်မှူးတစ်ယောက်ရှိရင် ကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ဒီဘရိုင်းက ပြောဆိုခဲ့ပါတယ်။
ဘယ်လ်ဂျီယံကွင်းလယ်လူက ဟာလန်းရှိနေခြင်းဟာ သူရဲ့ အထင်ကြီးလောက်စရာ ဂိုးဖန်တီးမှုအရည်အတွက် တွေ တိုးတက်စေဖို့ ကူညီပေးနိုင်မယ်လို့လည်း ထုတ်ပြောလာပါတယ်။
“ကျွန်တော်အတွက်လည်း အကူအညီ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော် ဒီလိဂ်မှာ ဂိုးဖန်တီးမှုတွေ များများစားစား လုပ်ပေးနေတာ နှစ်တွေ အတော်ကြာခဲ့ပါပြီ။
ဒါပေမယ့် ကျွန်တော့်ရဲ့ ဂိုးဖန်တီးမှုနဲ့ အခြားအရာတွေက အမြဲတမ်း ရှိနေမှာပါ။ ကိန်းဂဏန်းဆိုတာက ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုဆိုပေမယ့် မင်းကိုတော့ ဖြစ်ရပ် အပြည့်အစုံ ပြောပြနိုင်ခြင်း ရှိမှာ မဟုတ်ဘူး”ဟု ဒီဘရိုင်းက ဆိုခဲ့ပါသေးတယ်။
မန်စီးတီး အသင်းက အရင်လကတည်းက ဒေါ့မွန်ရဲ့တိုက်စစ်မှူးဟာလန်းကို အပြီးသတ်ခေါ်ယူနိုင်ခဲ့တာပါ။ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့လို ထိပ်သီးကလပ်တွေကို ကျော်ဖြတ်ပြီး သူ့ကိုခေါ်ယူနိုင်မှုက မန်စီးတီး ပရိသတ်တွေအတွက် အလွန်ကို စိတ်လှုပ်ရှားပျော်ရွှင်စေခဲ့ပါတယ်။