ကမ္ဘာ တန်ကြေး အရှိဆုံး ကစားသမားစာရင်းမှာ မန်စီးတီးမှ (၃) ဦး ပါဝင်
မန်စီးတီး တိုက်စစ်သမား ဟာလန်းဟာ CIES Football Observatory က ထုတ်ပြန်တဲ့ ကမ္ဘာတန်ကြေး အကြီးဆုံး ကစားသမားစာရင်းမှာ ပရီးမီးယားလိဂ်ကို ကိုယ်စားပြုပြီး ဈေးအကြီးဆုံးအဖြစ် နံပါတ် ၃ နေရာက ပါဝင်လာပါတယ်။
အသက် ၂၁ နှစ်အရွယ် တိုက်စစ်သမားကို မန်စီးတီးက ဒေါ့မွန်ကနေ ပေါင် ၅၁.၂ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် သူ့ရဲ့ လက်ရှိ တန်ကြေးက ပေါင် ၁၃၀ သန်းရှိတယ်လို့ ဖော်ပြခံရတာပါ။ အဆိုပါ စာရင်းရဲ့ ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ ပရီးမီးယားလိဂ် ကစားသမား ၄ ဦး ပါဝင်လာပြီး ၃ ဦးက မန်စီးတီး အသင်းသားတွေဖြစ်ပါတယ်။
CIES က ကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေး၊ လုပ်ခလစာ၊ စာချုပ်သက်တမ်းနဲ့ မတူညီတဲ့ ပြိုင်ပွဲတွေမှာ ကလပ်တွေရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး တွက်ချက် ဖော်ပြခြင်းဖြစ်ပါတယ်။
တန်ကြေးအကြီးဆုံး ကစားသမားစာရင်းမှာတော့ ပီအက်စ်ဂျီမှာ တစ်ပတ်လုပ်ခ ပေါင် ၆၅၀၀၀၀ ခွဲရ ဟာလန်းက တန်ကြေး ပေါင် ၁၇၅.၇ သန်းနဲ့ ပါဝင်နေတယ်။ ဒုတိယနေရာမှာတော့ ရီးရဲလ်မက်ဒရစ်မှ ဗင်နီးဆီးယက်စ်က ပေါင် ၁၅၈.၄ သန်းနဲ့ ရှိနေတာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာတော့ ဖိုဒန် (ပေါင် ၁၀၆ သန်း)၊ လူးဝစ် ဒီယက်စ် (ပေါင် ၉၄ သန်း) နဲ့ ရူဘင် ဒီယက်စ် (ပေါင် ၉၃.၇ သန်း) တို့ ပါဝင်နေတာဖြစ်ပါတယ်။
TOP 10 MOST VALUABLE PLAYERS IN THE WORLD
- 1. Kylian Mbappe (£175.7m)
- 2. Vinicius Junior (£158.4m)
- 3. Erling Haaland (£130.4m)
- 4. Pedri (£115.5m)
- 5. Jude Bellingham (£114.3m)
- 6. Phil Foden (£106m)
- 7. Frenkie de Jong (£96.2m)
- 8. Luis Diaz (£94m)
- 9. Ruben Dias (£93.7m)
- 10. Ferran Torres (£93.6m)