စီးတီး တိုက်စစ်သမား နှစ်ဦးကို ထိပ်သီး အသင်းတွေ အပြိုင်အဆိုင် ချိတ်ဆက်

ဒီနွေမှာ တိုက်စစ်သမား စတာလင်ဟာ မန်စီးတီးကနေ ထွက်ခွာမှာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ချယ်ဆီးအသင်းက ရေပန်းစားလာနေပြီလို့ တယ်လီဂရပ်က ဖော်ပြပါတယ်။

ဥရောပ ထိပ်သီးအသင်းတွေဟာ စတာလင်ကို ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေကြပြီး ချယ်ဆီးက အဆိုပါ အသင်းတွေထဲ ပါဝင်နေတာပါ။ မန်စီးတီးနဲ့ စာချုပ် ၁ နှစ် ကျန်ရှိနေသေးတဲ့ စတာလင်က အနာဂတ်ကိစ္စအတွက် အခုချိန်ထိ ဆုံးဖြတ်ရခြင်း မရှိသေးပေမယ့် ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိနေဖွယ် ရှိပါတယ်။

စတာလင်ကို ခေါ်ယူဖို့ကို ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားပေမယ့် တိုးတက်တဲ့ အနေအထားတွေ မရှိပါဘူး။ ဘိုင်ယန်မြူးနစ်ကလည်း မာနေးကို ခေါ်ယူဖို့ မအောင်မြင်ရင်တော့ စတာလင်ဘက် ဦးလှည့်လာဖို့ ရှိနေပါတယ်။

ဒါ့အပြင် ချယ်ဆီးအသင်းဟာ ဘယ်ဂျီယံ တိုက်စစ်မှူး လူကာကူကို ဒီနွေမှာ အငှားချပြီးရင် တိုက်စစ်မှူး ဂျေးဆုကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားသွားလိုနေသေးတာပါ။ ကစားသမားရဲ့ အေးဂျင့်က အင်တာမီလန်နဲ့ ဆွေးနွေးမှုတွေ လုပ်နေခဲ့ကာ ချယ်ဆီးကလည်း ပေါင် ၂၁ သန်း အငှားကြေးရမယ်ဆိုရင် လူကာကူကို အငှားပြန်ချပေးမှာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဘရာဇီး တိုက်စစ်သမားကို ခေါ်ယူရေး လန်ဒန်ကလပ် အာဆင်နယ်ဘက်ကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။ အာဆင်နယ်က ပေါင် ၄၃ သန်း ဈေးသတ်မှတ်ထားပေမယ့် မန်စီးတီးကတော့ ပေါင် သန်း ၅၀ လောက်ထိ လိုချင်နေတာပါ။

ဂျေးဆုကို ခေါ်ယူရေးမှာ ချယ်ဆီးဘက်က အပြိုင် ဝင်ကမ်းလှမ်းလာမှာဖြစ်လို့ အလိုရှိတဲ့ ပြောင်းရွှေ့ကြေးထိ ရောက်နိုင်ဖို့ မန်စီးတီးဘက်က မျှော်လင့်နေတာ ဖြစ်ပါတယ်။