ဒီနွေ အတွက် ဘာနာဒို ဆေးလ်ဗားနဲ့ ပက် ဂွာဒီယိုလာ ကြား လျှို့ဝှက် သဘောတူညီမှု ရှိထား

ဒီ နွေရာသီမှာ ပေါ်တူဂီနိုင်ငံသားကို ထွက်ခွာခွင့်ပြုရမယ်လို့ နည်းပြ ဂွါဒီယိုလာနှင့် ဘာနာဒိုဆေးလ်ဗားတို့ကြားမှာ လျှို့ဝှက်တဲ့ သဘောတူညီမှု ရှိနေတယ်လို့ သိရှိရပါတယ်။

မန်စီးတီးအတွက်လည်း ကောင်းမွန်တဲ့ ကမ်းလှမ်းချက် ရရှိပြီး ကစားသမားကပါ အသင်းကနေထွက်ခွာဖို့ ဆန္ဒရှိတယ် ဆိုရင် ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံကနေ ထွက်ခွာသွားနိုင်ပါတယ်လို့ ဂွါဒီယိုလာရဲ့ ပြောစကားတွေက ဆေးလ်ဗားမှာ ရှိပါတယ် လို့ စပိန်သတင်းစာဖြစ်တဲ့ မန်ဒိုဒီပိုတီးပို့က ပြောပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီက ဆေးလ်ဗားကို ဦးစားပေးပစ်မှတ်အဖြစ် ခေါ်ယူလိုနေပြီး ယူနိုက်တက် ပစ်မှတ် ဖြစ်တဲ့ ဒီဂျောင်ရဲ့နေရာမှာ အစားထိုးနိုင်ဖို့ပဲဖြစ်ပါတယ်။

ဒီနေ့အချိန်အထိ မန်စီးတီးနှင့် အကောင်းဆုံးဖြစ်ခဲ့သော်လည်း ပရီးမီးယားလိဂ်ကလပ်မှာ ၅ ရာသီ ကြာခဲ့ပြီး နောက်မှာတော့ ဆေးလ်ဗားကတော့ ပြောင်းလဲချင်တဲ့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

ဆေးလ်ဗားကို ပြီးခဲ့တဲ့နွေရာသီကတည်းက ဘာစီလိုနာက စိတ်ဝင်စားနေတာဖြစ်သော်လည်း အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် ခေါ်ယူမှုလုပ်ဆောင်ဖို့ မဖြစ်နိုင်ခဲ့တာပါ။

ဘာစီလိုနာဟာ ပေါ်တူဂီသားကို ကနဦးဆက်သွယ်မှုများပြုလုပ်နေပြီး တရားဝင်ညှိနှိုင်းမှုတွေကတော့ မရှိနေသေးတာ ဖြစ်ပါတယ်လို့ သိရှိရပါတယ်။

ဘယ်လိုအပြောင်းအရွေ့ပဲဖြစ်ဖြစ် ပေါင် ၄၇ သန်းအထက်မှာရှိမှာဖြစ်ပြီး ဘာစီလိုနာဟာ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းကလည်း စပိန်တောင်ပံကစားသမား ဖာရန်တောရက်စ်အတွက် မန်စီးတီးကို ပေးချေခဲ့ရသေးတာဖြစ်ပါတယ်။

တန်ဟက်ရဲ့ယူနိုက်တက်သို့ ဒီဂျောင်ကို ရောင်းချခဲ့ရမယ်ဆိုရင် ဘာစီလိုနာဟာ ဆေးလ်ဗားကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံသားကို ပေါင် ၆၅ သန်းဖြင့် ခေါ်ယူနိုင်ရေး ယူနိုက်တက်ဟာ ဘာစီလိုနာနှင့် ဆွေးနွေးနေတာ ဖြစ်ပါတယ်။

ဆေးလ်ဗားဟာ အီသီဟက်နှင့် ၂၀၂၅ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး ပရီးမီးယားလိဂ် ဆုဖလား ရရှိထားတဲ့ မန်စီးတီးက ကစားသမားတွေရဲ့ အပြောင်းအရွေ့ဟာ ဈေးကြီးနေမှာဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီကတော့ နူးကမ့်မှာ သူနဲ့ အင်နီယေစတာတို့က ခြေစွမ်းပြသခဲ့သလို ဆေးလ်ဗားက ခြေစွမ်းပြသနိုင်မယ် လို့ ယုံကြည်နေပါတယ်။

စပိန်အသင်းကြီးဟာ Spotify နှင့် နာမည်အသုံးပြုခွင့်အတွက် ပေါင် ၂၃၅ သန်း တန်ကြေးရှိ စာချုပ် ချုပ်ဆို ထားတာကြောင့် အသင်းရဲ့လူအင်အားကို ဖြည့်တင်းဖို့အတွက် လုပ်ဆောင်နေတာဖြစ်ပါတယ်။

သို့သော်လည်း ဘာစီလိုနာဟာ ဘဏ္ဍာရေးအခြေအနေက ရုန်းကန်နေရဆဲဖြစ်တာကြောင့် ကစားသမားတွေကိုတော့ ရောင်းချဖို့ လိုအပ်နေအုံးမှာဖြစ်ပါတယ်။

ဆေးလ်ဗားကတော့ အီသီဟက်နေ ထွက်ခွာဖို့ ကြီးမားတဲ့ ချိတ်ဆက်မှုများရှိနေပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအတွက် ပွဲပေါင်း ၃၅ ပွဲကစားပေးခဲ့တဲ့ ဆေးလ်ဗားဟာ ၈ဂိုးသွင်းယူပြီး ၄ ဂိုး ဖန်တီး ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်နှင့် အက်ဖ်အေပွဲစဉ်တွေမှာလည်း နောက်ထပ် ၅ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။